ကချင်ပြည်နယ် ဆန္ဒဖော်ထုတ် ပြည်သူ၂ ဦးကို စစ်တပ်က ပစ်သတ်

ကချင်ပြည်နယ် ဆန္ဒဖော်ထုတ် ပြည်သူ၂ ဦးကို စစ်တပ်က ပစ်သတ်

စစ်အာဏာရှင် ဆန့်ကျင်ရေး မြစ်ကြီးနား လူထုလှုပ်ရှားမှုကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့ရာ အသက် ၂၂ နှစ်အရွယ် မောင်ဇင်မင်းထက် နှင့် အသက် ၆၀ ကျော်အရွယ် ဦးချိုတား တို့ ၂ ဦးသည် ကျည်ထိမှန်ပြီး မတ်လ ၈ ရက်နေ့ ကွယ်လွန်ခဲ့သည်။

ဦးကိုကိုလေး(ခ) ချိုတား ကို မတ်လ ၈ ရက်နေ့ညနေပိုင်းက သဂြိုလ် (ဒဖာနာ) ခဲ့သည်။ မောင် ဇင်မင်းထက်ကိုမူ မတ်လ ၉ ရက်နေ့ ရှမ်းမျိုးနွယ်စုများဓမ္မာရုံမှ မြစ်ကြီးနားမြို့တွင်းသူ၏ ရုပ်ကလပ်ကို သယ်ဆောင်ကာ လူထောင်ပေါင်းများစွာက လိုက်လံ ပို့ဆောင်ခဲ့ကြသည်။

စစ်အာဏာရှင်ကိုဆန့်ကျင်သော မြစ်ကြီးနားလူထုသပိတ်စတင်ရန် ယနေ့ နံနက်ကတည်းက လူစုရန်ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့က လေးဂွဖြင့် လိုက်လံ ပစ်ခတ်သည့်အတွက် လူစုရန် ခက်ခဲခဲ့သည်။ သို့သော် အောင်နန်းနှင့် အထက-၂ လမ်းနှင့် ကတ်သလစ်ဘုရားကျောင်းတစ်လျှောက်တွင် လူအနည်းငယ်စုလာချိန် ရဲနှင့် စစ်တပ်က ဖြိုခွင်းခဲ့သည်။

ရဲနှင့် စစ်တပ်၏ ဖြိုခွင်းခြင်းကို ခံရသော်လည်း လူငယ်များသည် တဖန်အင်အားစုကာ ဆန္ဒဖော်ထုတ်ရာတွင် နေ့လယ်ခင်းအချိန် စစ်တပ်ဘက် သေနတ်ပစ်သောကြောင့် ဦးကိုကိုလေး(ခ)ချိုတား ခေါင်းပွင့် ၊ မောင်ဇင်မင်းထက် ဦးခေါင်းကျည်ထိ သဖြင့် ထိုနေရာတွင် သေဆုံးသွားသည်။

ထို့အပြင် အမျိုးသမီးတစ်ဦးသည် ဘယ်ဘက်လက်မောင်းကျိုးသည်အထိသေနတ်မှန်ခဲ့ပြီး၊ လူငယ် တစ်ဦး ဝမ်းဗိုက် သေနတ်မှန် စသည့် ပြင်းထန်ဒဏ်ရာများရှိကာခဲ့သော်လည်း ခွဲစိတ်ကုသမှုကြောင့် အသက်အန္တရယ်မှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

စစ်သတ်၏ပစ်ခတ်မှုကြောင့် ဆန္ဒဖော်ထုတ်သော ပြည်သူလူထုများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ လူငယ် အများအပြားလည်း ဖမ်းဆီးခံ ခဲ့ရသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သော ပြည်သူလူထုများက လမ်းလျှောက်သပိတ်၊ ဆိုင်ကယ်သပိတ် နှင့် ဗီနှိုင်းပိုစတာကပ်ခြင်း စသည့် လှုပ်ရှားမှုများ ပုံမှန်လုပ်ဆောင်နေကြသည်။ မြစ်ကြီးနားမြို့တွင်သာမက ဝိုင်းမော်၊ ဖားကန့်၊ ဗန်းမော် ၊ မိုးညှင်းနှင့် ရွှေကူစသည့်မြို့နယ်များရှိ သပိတ်စစ်ကြောင်းများကိုလည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်နေသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...