ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် ဝန်ထမ်းအင်အား ၇၂ ရာခိုင်နှုန်း CDM လှုပ်ရှားမှုတွင် ဝင်ရောက်ပူးပေါင်း

ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် ဝန်ထမ်းအင်အား ၇၂ ရာခိုင်နှုန်း CDM လှုပ်ရှားမှုတွင် ဝင်ရောက်ပူးပေါင်း

ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း ဖော်ထုတ်သည့်အနေဖြင့် CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ဝန်ထမ်းအင်အားမှာ ၁၄၀၀၀ ကျော်သွားပြီဖြစ်ပြီး ချင်းပြည်နယ်တွင် အစိုးရဝန်ထမ်း စုစုပေါင်း နှစ်သောင်းကျော်ရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းကျော်သွားပြီဖြစ်ကြောင်း သိရသည်။

 

CDM လှုပ်ရှားမှုတွင်ပါဝင်သည့် မြို့နယ်အလိုက်စာရင်းမှာ ကန်ပက်လက်တွင် ရဝဝ ကျော်၊ ထန်တလန်တွင် ၁၄ဝဝ ကျော်၊ ဟားခါးတွင် ၂၉၅၄ ဦး၊ မင်းတပ်တွင် ၂ရဝဝ ကျော်၊ ပလက်ဝတွင် ၁၄၆ ဦး၊ တီးတိန်တွင် ၂၃ဝရ ဦး၊ တွန်းဇံတွင် ၇၇၄ ဦး၊ ဖလမ်းတွင် ၁၉၈ဝ ဦး၊ မတူပီတွင် ၁၆၃၀ ဦးရှိပြီး စုစုပေါင်း ၁၄၅၉၁ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ ပလက်ဝမှာ CDM ဝင်တဲ့သူက ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဝန်ထမ်းက ဝန်ထမ်းတွေလောက်ဘဲရှိတယ်၊ ပလက်ဝအခြေအနေက ဘေးကြပ်နံကြပ်ဖြစ်တယ်၊ ပလက်ဝမြို့နယ်မှာက သိတဲ့အတိုင်း နယ်မြေအခြေအနေအရ CDM မဝင်ရဲကြဘူး၊ CDM ဝင်တဲ့ အမည်စာရင်းတွေလည်း ကောက်တာတွေရှိနေတော့ အဲဒါကြောင့် CDM စာရင်းက နည်းနေတာဖြစ်ပါတယ်” ဟု ပလက်ဝမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စာလှယ် ဦးဝှေ့တင်းကပြောသည်။

 

ချင်းပြည်နယ် CDM လှုပ်ရှားမှုတွင် ဝန်ထမ်းအင်အားအလုံးအရင်းဖြင့် ပူးပေါင်းပါဝင်လာသည့်အတွက် ဌာနဆိုင်ရာအချို့တွင် အထက်အရာရှိများမှ ဖိအားပေးအလုပ်ဆင်းခိုင်းမှုများလည်း ရှိနေသော်လည်း အများစုမှာ CDM လှုပ်ရှားမှုတွင် ဆက်လက်ပူးပေါင်းပါဝင်နေကြောင်း သိရသည်။

 

CDM လှုပ်ရှားမှုတွင်ပါဝင်ပြီး အခက်အခဲဖြစ်နေသည့် ဝန်ထမ်းများအား သက်ဆိုင်ရာမြို့နယ်အလိုက် ကော်မတီများဖွဲ့စည်းပြီး အကူညီများလည်းပေးနေပြီး ပြည်တွင်းနဲ့ပြည်ပရှိ အလှူရှင်များမှလည်း CDM လှုပ်ရှားမှုတွင် ပါဝင်သူများအတွက် အလှူငွေ လှူဒါန်းပေးမှုများလည်း ရှိနေကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...