CDM ပြုလုပ်သည့် တက္ကသိုလ်ဝန်ထမ်း ဆရာ/မများ ကျောင်းဝန်းအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေ

CDM ပြုလုပ်သည့် တက္ကသိုလ်ဝန်ထမ်း ဆရာ/မများ ကျောင်းဝန်းအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေ

မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝန်းအတွင်းနေထိုင်ပြီး CDM ပြုလုပ်သည့် ဆရာ/မများ ညတွင်းချင်း ကျောင်းဝန်းအတွင်းမှ တိမ်းရှောင်နေရကြောင်း သိရသည်။

ယမန်နေ့ ည ၁၁နာရီမှ ဒီကနေ့ မနက် ၅နာရီအထိ ရသည့် နည်းလမ်းများဖြင့် ထွက်ပြေးသွားကြပြီဖြစ်ကြောင်း နီးစပ်ရာ ဆရာမတစ်ဦးထံမှ သိရသည်။

“CDM ပြုလုပ်တဲ့ ဆရာ/ မတွေအားလုံးက အားလုံးထွက်ပြေးသွားကြပြီ။ မကျန်တော့လောက်ဘူး။ အခုကျန်နေတဲ့သူတွေက CDM မပြုလုပ်တဲ့သူတွေနဲ့ ရုံးပိုင်းဆိုင်ရာဝန်ထမ်းတွေပဲကျန်တော့မယ်ထင်တယ်။ ဆရာမတောင်မှ ဒီမနက် ၅ နာရီလောက်က ထွက်ပြေးခဲ့ရတယ်”ဟု KNG သတင်းဌာနကို ဖြေကြားခဲ့သည်။

ဖုန်ကန်ရာဇီ အဆောင်းအတွင်းနေထိုင်သည့် ဆရာမတစ်ဦးနဲ့ ကင်းစောင့်သမားများလည်း ဖမ်းဆီးခံထားရကြောင်းလည်း သူကဆက်လက်ပြောဆိုခဲ့သည်။

လက်ရှိတက္ကသိုလ်ကျောင်းဝန်းအတွင်းမှာ CDM မပြုလုပ်သည့် ဝန်ထမ်းများနှင့် ရုံးပိုင်းဆရာဝန်ထမ်းများသာရှိနေပြီဖြစ်ကြောင်း သိရသည်။

မတ်လ၆ရက်နေ့ ညနေပိုင်းအချိန်တွင် ရဲနဲ့စစ်သားများက တက္ကသိုလ်ကျောင်းဝန်းအတွင် ဝင်ရောက်စီးနင်းခဲ့ပြီး လာရောက်ဝန်းရံသည့် ပြည်သူလူထုမျာကိုလည်း သေနတ်ဖောက်ဖြိုခွဲ့ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သေနတ်ဖောက်ဖြိုခွဲခဲ့ကာ ၃နာရီခန့်အကြာ ပြည်သူလူထုနဲ့ တင်းမားမူဖြစ်ပွားခဲ့ပြီးနောက် ည ၁၀နာရီခွဲအချိန်ခန့်မှသာ လူစုပြန်လည်ခွဲသွားကြောင်းသိရသည်။

မတ်လ ၇ရက်နေ့အထိ ကျောင်းဝင်းအတွင် ရဲနဲ့စစ်သားများလက်ရှိနေပြီး စီတာပူမနက်စျေးလမ်းမပေါ်အထိ ပြည်သူများသွားလာ၍မရအောင် လမ်းပိတ်ထားကာ ရဲနဲ့စစ်အင်အားများပြန်ချထားကြောင်းသိရသည်။

စစ်တပ်၏အဆိုပါလုပ်ရပ်ကို ဆန့်ကျင်ရန် ပြည်သူလူထုက ထိုနေရာတွင် လူစုလူဝေးပြုလုပ်လာစဉ် ပစ်ခတ်ဖြိုခွင်းမှုများလည်း ရှိနေသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...