ဖမ်းဆီးခံ ကချင်ဝန်ကြီးများကို မြစ်ကြီးနားအကျဉ်းထောင်ပို့

ဖမ်းဆီးခံ ကချင်ဝန်ကြီးများကို မြစ်ကြီးနားအကျဉ်းထောင်ပို့

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန် ဖမ်းဆီးခံထားရသည့် ကချင်ပြည်နယ်မှ ဝန်ကြီး ၄ပါးနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား မတ်လ ၃ ရက်နေ့ မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်းသိရသည်။

“ထောင်ထဲမှာရှိတယ် ရောက်နေပြီဆိုတဲ့သတင်းကခိုင်မာတယ် လုံးဝသေချာတယ်။ ၁၀၀ ရာခိုင်နူန်းသေချာတယ်။ ဒါပေမယ့်ကျနော်တို့သွားမေးရင်တော့ မရှိဘူးဘဲပြောနေတာ မိသားစုဆီကိုလည်း အကြောင်းကြားတာမရှိဘူး။ ကျနော်တို့ကိုလည်း ယနေ့ထိအကြောင်းကြားတာတော့ မရှိဘူး။” ဟု NLD ပါတီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မတ်လ ၃ ရက်နေ မြစ်ကြီးနား အကျဉ်ထောင်သို့ ပို့ဆောင်ထားပြီဟု သတင်းကြားရသည့် ဝန်ကြီးများမှာ ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊ လူဝင်မူကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်း၊ လူမူရေးဝန်ကြီး ဦးနေဝင်း တို့ (၄)ဦးဖြစ်ပြီး ရွှေကူမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းလည်းပါဝင်သည်ဟု သိရသည်။

လက်ရှိအချိန်ထိ ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝန်ကြီးများအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၉ ဦး ထက်မနည်း ရှိနေသေးကြောင်းလည်း သိရသည်။

သို့သော် မြစ်ကြီးနားအကျဉ်းထောင်သို့ ရောက်ရှိနေသူများသည် ဝန်ကြီး(၄)ပါးနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသာ ရောက်ရှိနေသည်ဟု သတင်းရရှိထားပြီး ကျန်သည့်သူများအားမည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးကြောင်း ကချင်ပြည်နယ် NLDပါတီမှ တာဝန်ရှိသူများကပြောသည်။

“ဖမ်းတယ်ဆိုရင်လည်း လူ့အခွင့်ရေးနဲ့အညီဖမ်းစေချင်တယ်။ ဖမ်းထားပြီဆိုလည်း သက်ဆိုင်တဲ့မိသားစုတွေဆီကိုတော့ အကြောင်းကြားစေချင်တယ်။ ပြီးတော့ ဘယ်အမူနဲ့ဖမ်းတယ်ဆိုတာ လူတစ်ယောက်ရဲ့ရပိုင်ခွင့်ရစေချင်ပါတယ်။ ခုကမိသားစုဝင်တွေကို အကြောင်းကြားတာလည်း မရှိဘူး။ ဘာပုဒ်မတွေနဲ့ဖမ်းလဲ တရားရုံးမရောက်သေးတဲ့ချိန်တော့ တိတိကျကျပြောလို့မရသေးပါဘူး။” ဟု ပါတီမှတာဝန်ရှိသူတစ်ဦး ကပြောသည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်မှ ဝန်ကြီးများကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၁လကြာမှ အကျဉ်းထောင်သို့ ပို့ဆောင်ထားသည်ဖြစ်ကြောင်း သိရခြင်းဖြစ်သည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...