ဖားကန့်သပိတ်စစ်ကြောင်း ပထမဆုံးအကြိမ် ဖြိုခွင်းခံရ

ဖားကန့်သပိတ်စစ်ကြောင်း ပထမဆုံးအကြိမ် ဖြိုခွင်းခံရ
ဖားကန့် လူထုဆန္ဒဖော်ထုတ်မှု (ဓါတ်ပုံ – ကိုတာ)
ဖားကန့် လူထုဆန္ဒဖော်ထုတ်မှု (ဓါတ်ပုံ – ကိုတာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စစ်အာဏာဆန့်ကျင်သည့်သပိတ်တွင် ရဲတပ်ကြပ်တစ်ဦး ပါဝင်လာသည့်အတွက် ပထမဆုံးအကြိမ်အဖြစ် မတ်လ ၂ ရက်နေ့တွင် ပစ်ခတ်ဖြိုခွင်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစကာ စစ်အာဏာဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲများတွင် လူစုခွဲဖြိုခွင်းခံရခြင်း မရှိခဲ့သော်လည်း ယနေ့သပိတ်စစ်ကြောင်းတွင် ရဲတပ်ကြပ်တစ်ဦးပါဝင်လာသည့်အတွက် ၎င်းအား လာရောက်ရှာဖွေရင်း လူစုခွဲဖြိုခွင်းခဲ့ခြင်းများရှိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။

“ကျနော်တို့ဖားကန့်မှာ ဒီနေ့ပထမဆုံး ရဲတပ်ကြပ်တစ်ဦးက CDM လုပ်တဲ့ထဲပါဝင်လာတယ်။ လုံးခင်းဘက်သပိတ်စစ်ကြောင်းက ပါဝင်လာတာလို့ဘဲသိရတယ်။ အဲသပိတ်စစ်ကြောင်းက ဖားကန့် စီးပွားရေးဘဏ်နားမှာ ရောက်လာတဲ့အချိန်တစ်ခြားရဲတပ်ဖွဲ့ဝင်တွေက အဲရဲတပ်သားပါလာလို့ရောက်ချလာတာပြီးတော့ အဲရဲကိုလာရှာတယ်။ မတွေ့တဲ့ချိန်ကျတော့ ဒီရဲကဆန္ဒပြတဲ့ထဲပါတယ်ထင်ပြီးတော့ လူစုခွဲတာတွေလုပ်သွားတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံများက ပြောသည်။

ယနေ့ပါဝင်လာသည့် ရဲတပ်ကြပ်ဆန်းလွင်သည် ဖားကန့်မြို့နယ်၊ ကထန်မှော်၊ လုံးခင်းကျေးရွာအုပ်စုရှိ မြစ်ဆုံဧရာကျောက်မျက်ကုမ္မဏီတွင် လုံခြုံရေးတာဝန်ယူနေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

CDM ပါဝင်လာသည့် ရဲတပ်ကြပ်ဆန်းလွင်သည် “မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာ ပြည်သူလူထုကို ဘယ်တော့မှမနှိပ်စက်ပါဘူး ခုဟာကသူတို့က ရဲဝတ်စုံဝတ်ပြီးနှိပ်စက်နေကြတဲ့အတွက် ကျနော်လမ်းပေါ်ထွက်ရခြင်းဖြစ်တယ်။ ကျနော့်မှာအသက်တစ်ချောင်းဘဲပါတယ် သေသွားရင်လည်းဘာမှမဖြစ်ဘူး ကျနော်သေရဲပါတယ်။” ဟု သပိတ်စစ်ကြောင်းတွင် ပြောဆိုခဲ့သည်။

ယနေ့ ဖားကန့်သပိတ်စစ်ကြောင်းအား ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစကာ ကချင်ပြည်နယ် မြို့နယ်အသီးသီးတွင် စစ်အာဏာဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲများ ယနေ့ထက် ဆက်တိုက်ပြုလုပ်နေသည်ကို တွေ့ရသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...