ဝန်ကြီး ဦးဒရှီလဆိုင်းကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားမှုကို ပထမအကြိမ် ရုံးထုတ်

ဝန်ကြီး ဦးဒရှီလဆိုင်းကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားမှုကို ပထမအကြိမ် ရုံးထုတ်

ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်းကို အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့်တရားစွဲဆိုထားမှုကို မတ်လ ၁ရက်နေ့ မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး အမှုနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းခံရပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ အစိုးရဝန်ထမ်းများကို အရပ်သားအစိုးရတက်လာသည့်အထိ ရုံးပိတ်ရက်သတ်မှတ်ကြောင်း ဝန်ကြီးချုပ်ကိုယ်စား ဝန်ကြီးဦးဒါရှီလဆိုင်းက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သောကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့်တရာစွဲဆိုခံရခြင်းဖြစ်သည်။

“ပြည်သူများက ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရပြန်မရမချင်း ရုံးပိတ်ရက်အဖြစ်ကြေညာတဲ့ထုတ်ပြန်ချက်မှာ ကျနော် ခေတ္တဝန်ကြီးချုပ်လက်မှတ်ရေးထိုးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူတို့က တရားရုံးစွဲတင်ထားတာဖြစ်တယ်လို့” ဟု ပထမဆုံးရုံးထုတ်ရက်မှာ ဝန်းကြီး ဦးဒရှီလဆိုင်းက မီဒီယာများကို ပြောဆိုခဲ့သည်။

ဝန်ကြီး ဦးဒရှီလဆိုင်းကို တရားစွဲဆိုထားသူမှာ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးမင်းရန်နိုင်ဖြစ်ပြီး ယခုအမှုကို ၃ လအတွင်း အပြီးစစ်ဆေးသွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးက ပြောဆိုသည်။

“ဒီကနေ့ရုံထုတ်တာက မှုခင်းစီမံခန့်ခွဲအကြို ညှိနှိုင်းအစည်းအဝေးဖြစ်တယ်။ အမှုနဲ့ပတ်သက်ပြီး ကျေအေးပေးဖို့ရှိမရှိ ထွေအုပ်ဘက်ကဖြစ်တဲ့ တရားလိုဦးမင်းရန်နိုင်ကိုမေးတယ်။ ဒါပေမယ့်ကျေအေးပေးဖို့မရှိဘူးလို့ပြောတယ်။ ကျနော်တို့ဘက်ကလည်းတင်ပြခဲ့တာတွေရှိခဲ့တယ်။ ဒီမတိုင်မှီ ကျနော်တို့ရှေ့နေ ၂ယောက်က တရားခံကိုတွေ့ဆုံ ဆွေးနွေးဖို့ ထောင်ကိုသွားခဲ့တယ်။ ဒါပေမယ့်ကိုဗစ်ကိုအကြောင်းပြုပြီးတွေ့ခွင့်မပေးခဲ့ဘူး။ အဲ့ဒါနဲ့ပတ်သက်ပြီးမှ ဆက်ပြီးတင်ပြခဲ့တယ်”ဟု ပြောဆိုသည်။

တရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်ပြီး အမှုတွဲကိုပင် ကြည့်ရှုခွင့်မရသေးကြောင်း ရှေ့နေ ဦးသက်ထွန်းဦးက ပြောသည်။

ဦးဒရှီလဆိုင်းသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက အဖမ်းခံရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ ဖေဖော်ဝါရီလ ၉ရက်ညက ဒုတိယအကြိမ်ထပ်မံဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သော ပြည်သူလူထုများတွင် ဖမ်းစီးခံရသူများစွားရှိလာနေပြီး အချို့မှာ တရားစွဲဆိုခံထားရသည်ဟု သိရသည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...