ပူတာအိုမှ ဖမ်းဆီးခံလူငယ် ၅ ဦးလွတ်မြောက်ရန် အာဏာသိမ်းစစ်ကောင်စီ ညှိနှိုင်းရေးအဖွဲ့က ဆောင်ရွက်နေဟုဆို

ပူတာအိုမှ ဖမ်းဆီးခံလူငယ် ၅ ဦးလွတ်မြောက်ရန် အာဏာသိမ်းစစ်ကောင်စီ ညှိနှိုင်းရေးအဖွဲ့က ဆောင်ရွက်နေဟုဆို

ပူတာအိုတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကနဦးဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သော လူငယ် ၅ ဦးသည် လက်ရှိအချိန် ပုဒ်မ ၃ ခုဖြင့် တရားစွဲခံထားရပြီး ၎င်းတို့လွတ်မြောက်စေရန် အာဏာသိမ်းစစ်ကောင်စီက ခန့်ထားသော ‘စေ့စပ်ညှိနှိုင်းရေးကော်မတီ’ ဆွေးနွေးနေသည်ဟု ဆိုသည်။

လူငယ် ၅ဦးမှာ ဖေဖော်ဝါရီလ ၂၀ရက်နေ့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ပြန်လည်လွတ်မြောက်လာရန် ၎င်းသူတို့၏ အမည်စာရင်းနှင့်အချက်အလက်များကို စစ်ကောင်စီဥက္ကဌထံသို့ တင်ပြထားပြီဖြစ်ပြီး ယခုလာမယ့် အပတ်တွင် လွတ်မြောက်လာနိုင်ရန် ဆက်လက်ညှိနှိုင်းနေကြောင်း စစ်ကောင်စီညှိနှိုင်းရေးအဖွဲ့ဝင် ဒေါ်ဘောက်ဂျာက ပြောသည်။

“ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေရဲ့အချက်အလက်စာရင်းကို ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်ထံ တင်ပြထားတယ်။ သူတို့အနေနဲ့အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးမယ်လို့ပြောခဲ့တယ်။ ထွက်လာဖို့က လာမယ့် အပတ်က သေချာတယ်”ဟု ဆိုသည်။

ဒေါ်ဘောက်ဂျာသည် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီမှ ဒု ဥက္ကဋ္ဌ-၄ တာဝန်ရှိသူဖြစ်ပြီး၊ စစ်ကောင်စီတွင်ပါဝင်ပြီးနောက် ပါတီက နှုတ်ထွက်ထားပြီဟု သိရသည်။

၎င်းဖမ်းဆီးခံရသည့် လူငယ် ၅ဦးကို အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ၊ အသေရေဖျက်မှု ပုဒ်မ ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှု ၁၇/၁ စသော ပုဒ်မ ၃ခုစီဖြင့် တရားစွဲဆိုထားခြင်းဖြစ်သော်လည်း လွတ်မြောက်လာသည့်နေ့တွင် တရားရုံးတွင်အပြီးသတ်လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုထားသည်ဟု ဒေါ်ဘောက်ဂျာက ဆက်လက်ပြောဆိုသည်။

ပုဒ်မ ၃ခုစီဖြင့် တရားစွဲဆိုခံရသည့် လူငယ် ၅ဦးကို လာမည့်အပတ် မတ်လ ၅ရက်နေ့တွင်ပထမဆုံး စတင်ရုံးထုတ် စစ်ဆေးရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ဖမ်းဆီးခံရသည့် လူငယ် ၅ဦးမှာ ကိုမလောင်ဖေနှောင်းအောင်၊ ကိုရမ်ဆိုင်း၊ ကိုအောင်ဒီး၊ ကိုဆင်ဝါး၊ ကိုဖီနန်တို့ဖြစ်ကြပြီး ဖေဖော်ဝါရီလ ၂၀ ရက်ည ၉ နာရီခန့်က ၎င်းတို့ ပုန်းခိုနေသောတောထဲမှ စစ်တပ်ကသွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူများနှင့်ညှိနှိုင်းရန် အဖွဲ့ဝင် ၁၃ ဦးပါဝင်သော အဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ရက်နေ့က ဖွဲ့စည်းထားသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုများကမူ ထိုညှိနှိုင်းရေးအဖွဲ့ကို လက်မခံကြောင်း ထပ်မံဆန္ဒဖော်ထုတ်မှုများ ရှိသည်။

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...