UEC အစည်းအဝေး ကချင်အမျိုးသားကွန်ကရက် (KNC) ပါတီ တက်ရောက်မည်မဟုတ်

UEC အစည်းအဝေး ကချင်အမျိုးသားကွန်ကရက် (KNC) ပါတီ တက်ရောက်မည်မဟုတ်
by -
ခေါင်ညွယ် (KNG)

အာဏာသိမ်းစစ်ကောင်စီ၏ UEC အစည်းအဝေး ကချင်အမျိုးသားကွန်ကရက် (KNC) ပါတီ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

 

ထိုသို့မတက်ရောက်ခြင်းမှာ ကချင်လူမျိုးနှင့် ပြည်နယ်သားတို့၏ လိုလားချက်ကို လေးစားသောကြောင့်ဖြစ်ကြောင်း ကချင်အမျိုးသားကွန်က ရက် (KNC) ပါတီက ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

လတ်တလော နိုင်ငံရေးပဋိပက္ခရင်းမြစ် UEC ၏ဖြေရှင်းမှု ရှင်းလင်းစွာမတင်ပြသေးချိန် အမှန်/အမှားမသိသေးချိန် မတက်ရောက်သင့်သေးကြောင်း သဘောထားဖော်ပြထားသည်။

 

ထို့ပြင် ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်အခြေခံဥပဒေ ရေးဆွဲရေးတို့ကို ရည်ရွယ်ထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) သည် ၁၉၄၉ ပင်လုံကတိကဝတ်အခြေခံ၍ စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးကို ပန်းတိုင်အဖြစ် သတ်မှတ်ထားသည့် ပါတီတစ်ခုဖြစ်သည်။

 

ယင်းပါတီသည် နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ် ပူတာခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင် လေးခုစလုံးနှင့် ရှမ်းပြည်နယ်တွင် နမ္မတူမြို့နယ်တွင် စုစုပေါင်း ကိုယ်စားလှယ် ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်ဦးမှ အနိုင်မရရှိခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...