ရွေးကော်အသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မွန်ပါတီ တွဲဖက်အတွင်းရေးမှူး(၂)ကို တာဝန်ပေး

ရွေးကော်အသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မွန်ပါတီ တွဲဖက်အတွင်းရေးမှူး(၂)ကို တာဝန်ပေး

အာဏာသိမ်း စစ်အစိုးရက ပြန်လည်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဖို့ မွန်ညီညွတ်ရေးပါတီကတွဲဖက်အတွင်းရေးမှူး(၂)  နိုင်စံတင်ကို တာဝန်ပေးလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အသစ်ဟာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမည်ဟုဆိုပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့ ရက်စွဲနဲ့ ပါတီအသီးသီးထံ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ စစ်ကောင်စီမှ ခန့်အပ်ထားတဲ့ ဦးသိန်းစိုး ဦးဆောင်သော ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံဖို့ ပထမဆုံးအကြိမ် ကမ်းလှမ်းလာတာလည်း ဖြစ်ပါတယ်။

မွန်ညီညွတ်ရေးပါတီကတော့ ဖိတ်ကြားစာရပြီးနောက် ဥက္ကဋ္ဌအဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပါတီ တွဲဖက်အတွင်းရေးမှူး(၂) နိုင်စံတင်ကို ကိုယ်စားလှယ်အဖြစ် သွားရောက်ဖို့ ရွေးချယ်လိုက်တယ်လို့ ဆိုပါတယ်။

“ ဥက္ကဌအဖွဲ့ဝင်တွေကနေပြီး ကျွန်တော်တို့မွန်အတွက်တော့ တွဲဖက်အတွင်းရေးမှူး နိုင်စံတင်ကို ရွေးချယ်ပြီးတော့  တာဝန်ပေးထားပါတယ်”လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ မွန်ညီညွတ်ရေးပါတီအနေနဲ့ စစ်အစိုးရမှ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရာမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ မဲပေးခွင့်တွေ ၊ ကြိုတင်မဲပေးတဲ့ ကိစ္စရပ်တွေ ၊ ပြည်သူတွေရဲ့ ဆန္ဒမဲပေးတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး တင်ပြသွားမယ်လို့ ဆိုပါတယ်။

ပါတီကိုယ်စားပြုသွားရောက်မယ့် နိုင်စံတင်ကတော့ လက်ရှိမှာ နေပြည်တော်ကို သွားရောက်နေပြီးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ စစ်အစိုးရက ဖွဲ့စည်းထားတဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် တစ်နေရာ ပါဝင်ထားတာလည်း ဖြစ်ပါတယ်။

ဒီဆွေနွေးပွဲကိုတက်ရောက်ဖို့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီ NLD ထံ ဖိတ်ကြားစာ ရောက်ပေမယ့် တက်ရောက်သွားမှာ မဟုတ်ဘူးလို့ မနေ့ညနေပိုင်းမှာ ပြုလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ ပါတီကိုယ်စားပြုသူတွေက ပြောဆိုထားပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...