မြန်မာ့အရေးလှုပ်ရှားမှုအတွက် မီဇိုရမ်တွင် NGO United for Democratic Myanmar ဖွဲ့စည်း

မြန်မာ့အရေးလှုပ်ရှားမှုအတွက် မီဇိုရမ်တွင် NGO United for Democratic Myanmar ဖွဲ့စည်း

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ ဦးဆောင်လှုပ်ရှားမည့် NGO United for Democratic Myanmar အဖွဲ့ကို မီဇိုရမ်ရောက် မြန်မာနိုင်ငံသားများနှင့် ဒေသတွင်းအစိုးရမဟုတ်သော NGO များက ပူးပေါင်းဖွဲ့စည်းလိုက်ကြောင်း သိရသည်။

 

အဆိုပါအဖွဲ့ကို ဖေဖော်ဝါရီ ၂၂ ရက်က ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်သည် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသမှ ပြည်နယ်တစ်ခုဖြစ်ကြောင်း သိရသည်။

 

အဆိုပါအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အဓိကတော့ မီဇိုရမ်ရောက် မြန်မာပြည်သားများအနေဖြင့် ကိုယ့်နိုင်ငံ အခက်အခဲဖြစ်နေတဲ့အချိန်မှာ ကျနော်တို့လည်း တစ်ခုခုလုပ်မှဖြစ်တယ်ဆိုပြီး ဖွဲ့စည်းတာဖြစ်တယ်။ ဒီအဖွဲ့ဟာ အရင်ကတော့ ယာယီသဘောမျိုးနဲ့ဖွဲ့စည်းပြီးတော့ ဆန္ဒပြတာတွေလုပ်တယ်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံရေးအခြေအနေကို သုံးသပ်တဲ့အခါမှာ ဆက်လက်လုပ်ဆောင်ရမဲ့ကိစ္စတွေ အများကြီးရှိနေသေးတာကြောင့် ခုလို အတည်တကျ ပြန်လည်ဖွဲ့စည်းထားတာဖြစ်တယ်” ဟု ပြောသည်။

 

ဆက်လက်၍ ၎င်းက “ဒီအဖွဲ့အစည်းက အဓိကအနေဖြင့် မီဇိုးဒေသခံ NGO များနှင့်ပူးပေါင်းပြီး လုပ်ငန်းတွေအများကြီး လုပ်ဆောင်သွားဖို့ရှိတယ်။ ဥပမာ - စစ်ဘေးကြောင့်ဖြစ်ဖြစ်၊ ယခုလက်ရှိနိုင်ငံရေးကြောင့်ဖြစ်ဖြစ် မီဇိုရမ်ဘက်ကို ထွက်ပြေးလာတဲ့သူရှိရင် မီဇိုရမ်အစိုးရအနေဖြင့် လက်ခံပေးဖို့အတွက် မီဇိုရမ်အစိုးရ၊ ဗဟိုအစိုးရအထိ တောင်ဆိုသွားဖို့ရှိတယ်” ဟု ပြောသည်။

 

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှု CDM လှုပ်ရှားမှုကို ထောက်ခံအားပေးသည့်အနေဖြင့် မီဇိုးဒေသခံ NGO အဖွဲ့များ၊ အဆိုတော်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ CDM ရန်ပုံငွေကိုလည်း ရှာဖွေသွားရန်ရည်ရွယ်ထားကြောင်း သိရသည်။

 

“ကျွန်တော်တို့ ရည်ရွယ်ထားတာက CDM အတွက်ဆိုပြီး မီဇိုရမ်ရောက်မြန်မာပြည်သားများတွင် အလှူငွေ ကောက်ခံသွားဖို့ရှိတယ်။ နောက်ပြီး မီဇိုရမ်အစိုးရက ခွင့်ပြုရင် ဒေသခံ NGO နဲ့ အဆိုတော်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အိုက်ဇောလ်မြို့ တနေရာရာမှာ သီချင်းဆိုပွဲတွေပြုလုပ်ရင်း အလှူခံသွားဖို့လည်း ရည်ရွယ်ထားပါတယ်” ဟုပြောသည်။

 

သမိုင်းကြောင်းအရ မီဇိုရမ်ပြည်နယ်ရှိ မီဇိုးလူမျိူးများသည် ချင်းလူမျိူးများနှင့် တအူတုံဆင်းညီရင်းအကိုများဖြစ်ကြပြီး မြန်မာ့ဒီမိုကရေစီအရေးနှင့်ပတ်သက်၍ ရှေ့တန်းမှ ဦးဆောင်ထောက်ခံအားပေးသည့် ပြည်နယ်တစ်ခုဖြစ်သည်။

ယခင် စစ်အစိုးရလက်ထက်ကလည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထွန်းကားလာစေရေးအတွက် Mizoram for Democracy in Burma ဆိုသည့်အဖွဲ့ကို ဖွဲ့စည်းကာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဖိအားပေးရန် အိန္ဒိယဗဟိုအစိုးရကို တိုက်တွန်းတောင်းဆိုမှုများလည်းပြုလုပ်ခဲ့ဖူးသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...