မိုးညှင်းသုဿာန်က ဖမ်းဆီးသွားသူများကို သဘာဝဘေးစီမံခန့်ခွဲမှု့ဥပဒေဖြင့် အမှုဖွင့်

မိုးညှင်းသုဿာန်က ဖမ်းဆီးသွားသူများကို သဘာဝဘေးစီမံခန့်ခွဲမှု့ဥပဒေဖြင့် အမှုဖွင့်
by -
မွန်းမွန်းပန် (MNJ)

မိုးညှင်းသုဿာန်တွင် ဖမ်းဆီးခံရသူများကို သဘာဝဘေးစီမံ/ဥပဒေပုဒ်မ ၂၅ နှင့် အမှုဖွင့်ထားပြီး ၎င်းအဖမ်းခံရသူများ မိုးညှင်းမြို့ ဆယ်မိုင်ရွာသစ်အကျဉ်းထောင်သို့ ရောက်ရှိနေကြောင်း သိရသည်။



 

မိုးညှင်းသုသာန်၌ တိမ်းရှောင်နေသူများကို ဖေဖော်ဝါရီ ၂၁ ရက်သန်းခေါင်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိခဲ့သော ဝင်းညီညီထွန်း (ခ) @Nat sayar (Mycom Computer & Cctv sale and Service -သာစည်ရပ်) နှင့် ကျော်ဇင်ဦး (ခ) @kyaw kaung ရွှေပန်းတိမ် (နမီးစုရပ် ) လုပ်ငန်းလုပ်သူတို့ နှစ်ဦးကို ဖေဖော်ဝါရီ ၂၃ ရက်တွင် သဘာဝဘေးစီမံ/ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်လိုက်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံမှ သိရသည်။

 

"ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နတ်ဆရာနဲ့ ကျော်ကောင်းကို ယနေ့ ညနေပိုင်းမှာ မိုးညှင်းအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။ သူတို့နှစ်ယောက်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တပ်ပြီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အမှုရင်ဆိုင်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး အမှုမှ လွတ်မြောက်ရေးအတွက် အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားပါ့မယ်“ ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူနှစ်ယောက်သည် We Love Mohnyin အဖွဲ့ဝင်များဖြစ်ပြီး ကိုဗစ်ကာလတွင် မိုးညှင်းမြို့ရှိ ပရဟိတလုပ်ငန်းများအား တက်ကြွစွာ လုပ်ကိုင်င်နေသူများဖြစ်သဖြင့် ယခုကဲ့သို့ မတရားပုဒ်မများဖြင့်တပ်၍ ဖမ်းဆီးခြင်းအပေါ် We love mohnyin အဖွဲ့နှင့် မြို့ခံများက ရှုံ့ချလျက်ရှိသည်။

 

စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၃ ရက်အထိ မိုးညှင်းမြို့နယ်တွင် ဖမ်းဆီးခံရသူ လေးဦးရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...