ရှမ်းမြောက်တွင် KIA နှင့် မြန်မာစစ်တပ် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

ရှမ်းမြောက်တွင် KIA နှင့် မြန်မာစစ်တပ် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ အောက်၊ တပ်ရင်း ၉ နယ်မြေ တီမာ (Dima) ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် KIA တို့ ယနေ့ နံနက် ၈ နာရီကစတင်ပြီး တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေသည်ဟု သိရသည်။

မြန်မာစစ်တပ်ဘက် နေရာ ၃ ခုခွဲပြီး KIA တပ်ဖွဲ့များရှိရာသို့ ၁၂၀ မမ၊ ၈၁ မမ စသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်တပ်ဘက်က ယခုလို လက်နက်ကြီးပစ်ခတ်နေခြင်းကြောင့် ကျေးရွာအပြင်ဘက်တွင်ရှိနေသော နေအိမ်အချို့ကိုလည်း ကျေးရွာအတွင်း ပြန်လည်နေရာပြောင်းရွေ့ထားသည်ဟု သိရသည်။

“အခုတိုက်ပွဲဖြစ်နေတဲ့ တပ်ရင်း ၉ ကတော့ အရင် ဖေဖော်ဝါရီ ၁၀ ရက်နေ့တုန်းကတည်းက တပ်မတော်စစ်ကြောင်းက ဝင်ရောက်လာတဲ့အချိန် တိုက်ပွဲဖြစ်တော့ သူတို့ဘက်က အထိနာသွားတယ်။ အဲကို မကျေနပ်လို့ အခုတစ်ခါ အင်အားသုံးပြီး ပြန်လာတိုက်တာ ထင်ရှားနေပါတယ်။ ဒါပေမယ့် ဘာကြောင့်အခုလိုသူတို့ ပြန်တိုက်လည်းတော့ မသိဘူး။ ပြီးတော့ အခု ဆန္ဒပြတဲ့ကိစ္စတွေမှာ KIA မပါဝင်ဖို့အတွက ်စစ်ရေးအရ အနှောက်အယှက်ပေးထားတာလည်း ဖြစ်နိုင်တယ်။” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ကြိုးပမ်းဖို့ထက် ပြည်သူလူထု၏အခွင့်အရေးကို အာဏာရှင်စနစ်ဖြင့် သိမ်းလိုက်တာကြောင့် ပြည်တွင်းငြိမ်းချမ်းရေးက အခြအနေပိုဆိုးလာနိုင်ကြောင်း ပြောပါတယ်။

လက်ရှိ မူဆယ်ခရိုင် KIA တပ်ရင်း ၉ တွင် တပ်မတော် တပ်မ ၉၉ ထိုးစစ်ဆင်နေတာဖြစ်ပြီး၊ တိုက်ပွဲဖြစ်နေသည်မှာ ၃ ရက်ရှိပြီဖြစ်သည်။

ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...