မြစ်ကြီးနားတွင် လူသောင်းချီ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

မြစ်ကြီးနားတွင် လူသောင်းချီ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

စစ်အာဏာရှင်ဆန့်ကျင်ရေး (၁၃) ရက်နေ့မြောက် မြစ်ကြီးနားလူထုဆန္ဒဖော်ထုတ်သောပြည်သူများ အထက-၁ ကျောင်းရှေ့ရောက်လာချိန် ရဲနှင့်စစ်သားများက လမ်းကြောင်းပိတ်ဆို့ခဲ့သောကြောင့် ထိုနေရာတွင် ထိုင်သပိတ်ပြုလုပ်ကာ အဆုံးသတ်ခဲ့သည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ညှိနှိုင်းပေးသောကြောင့် မွန်းလွဲ ၁ နာရီမတိုင်မှီ ထိုနေရာမှ ပြန်လည် ဆုတ်ခွာသွားခြင်းဖြစ်သည်။

မြစ်ကြီးနားတွင် ဆန္ဒဖော်ထုတ်ရန် လူစုလူဝေးမှန်သမျှကို ရဲနှင့် စစ်တပ်က လိုက်လံဖြိုခွဲနေသောကြောင့် ယနေ့ ဆန္ဒဖော်ထုတ်သူများသည် နေ့လယ် ၁၁ နာရီမှ မြို့မ စျေး-၁ တွင် ရုတ်တရက် လူစုပြီး ချီတက်ခဲ့ခြင်းဖြစ်သည်။

ထိုမတိုင်ခင် ဆိုင်ကယ်ဖြင့် ဆန္ဒဖော်ထုတ်သူများကလည်း မြစ်ကြီးနားမြို့ပတ်ကာ လှည့်လည်ခဲ့ကြသည်။

ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...