ဆရာမ ၂ ဦးကို ရဲတပ်ဖွဲ့က ရိုက်နက်ကာ ဖမ်းဆီး

ဆရာမ ၂ ဦးကို ရဲတပ်ဖွဲ့က ရိုက်နက်ကာ ဖမ်းဆီး

မြစ်ကြီးနား ပညာရေးကောလိပ်ရှေ့တွင် CDM လုပ်နေသော ဝန်ထမ်း ဆရာမ ၂ ဦးကို ရဲတပ်ဖွဲ့က ရိုက်နက်ကာ ဖမ်းဆီးသွားကြောင်း သိရသည်။

“အစ်မတို့ ၈ နာရီခွဲပြီး ၅ မိနစ်မှာ စုရပ်ကိုရောက်တယ်။ လေ့ကျင်ရေးကျောင်းရှေ့ပေါ့။ ဆရာမတွေ ဆိုင်ကယ်ထားနေတဲ့အချိန် အစီး ၂၀ လောက်ဘဲ ရှိသေးတယ်။ ၄၅ မိနစ်လောက်မှာ ရဲကားတွေ ဖြည်းဖြည်းလေးမောင်းဝင်လာတယ်။ ရေ့ဆုံးက နည်းနည်းဝဝ ရဲတစ်ယောက်က မိုက်ကိုင်ပြီး ဆင်းလာတယ်။ ဒါပေမယ့် နောက်ဆုံးက ရဲတစ်ယောက်က အရမ်းရိုက်ချင်တဲ့ဇောနဲ့ ကျမတို့ဆီပြေးလာတော့ အစ်မတို့ကလည်း ပြေးသွားတယ်။ အဲမှာ ဆရာမ ၂ ယောက်ကျန်ခဲ့တယ်။ သူတို့ ၂ ယောက်လည်းပြေးပေမယ့် တစ်ယောက်ကိုတော့ အစ်မရှေ့မှာတင် ဖမ်းမိသွားတယ်။ အဲဒီဆရာမကိုသူတို့က ဒူးထောက်ထားခိုင်းပြီး ခြေထောက်မှာ ရိုက်နေတယ်။” ဟု ယနေ့ ပညာရေးကောလိပ်ရှေ့မှ အဖြစ်အပျက်ကို ထိုနေရာရောက်ရှိခဲ့သည့် ဆရာမ တစ်ဦးက ပြောပြသည်။

ယနေ့ မနက်ဖြစ်စဉ်တွင် ဆရာမ ၂ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ထို့အပြင် မြစ်ကြီးနား လူထုဆန္ဒဖော်ထုတ်ရေးအတွက် ပုံမှန် စုရပ်နေရာများဖြစ်သော နောင်ရာပါကွင်းနှင့် မြစ်ကြီးနားတက္ကသိုလ်ရှေ့ နေရာတို့တွင် တပ်မတာ်က နေရာပိတ်ဆို့ထားသည်ကို တွေ့ရသည်။

ယနေ့ ဆန္ဒဖော်ထုတ်မှုများအတွက် ထိုနေရာတွင် စုရပ်အဖြစ် သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

အလားတူ အထက ၁ ကျောင်းရှေ့နှင့် အခြား လူထုနိုင်မည့်နေရာများတွင်လည်း ရဲနဲ့ စစ်သားများက လိုက်လံ လူစုခွဲနေကြောင်း သိရသည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...