အာဏာသိမ်းပြီးနောက် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေ ရပ်

အာဏာသိမ်းပြီးနောက် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေ ရပ်

စစ်တပ် အာဏာသိမ်းပြီးနောက်မှာ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားရတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

NLD အစိုးရ ခေါင်းဆောင်တွေကို တပ်ကဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ကနေ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်တစ်စုံတစ်ရာ မရှိတဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

“အခုက ဘာညွှန်ကြားချက်မှလည်း မရှိ‌တော့ ဘာမှလည်း မလုပ်ရဘူး။ ဘာမှလည်း ဖြေစရာ မရှိဘူးဖြစ်နေတယ်”လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် isolation ward (1)က ကိုဗစ်-၁၉ အတည်ပြုလူနာ အားလုံးနီးပါးလည်း ဆေးရုံဆင်းခွင့် ရခဲ့ပြီး လက်ရှိမှာတော့ အရေးပေါ်အောက်ဆီဂျင်ပေးထားတဲ့ လူနာ(၃) ဦးခန့်သာ ကျန်ရှိတော့တယ်လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးက ပြောပါတယ်။

“Isolation 1မှာပဲ လူနာကျန်တယ်။ ကျန်တဲ့လူနာတွေကို တစ်နေ့တစ်နေ့ သက်သာပြီးတော့ ပြန်ကောင်းတဲ့ လူနာတွေကို ကျွန်တော် ဆေးရုံ ‌ဆင်းပေးနေတာ အခုဆိုရင် လေးယောက်ကျန်တယ်။ လေးယောက်မှာ တစ်ယောက်ဆုံးသွားတယ်ဆိုတော့ သုံးယောက်ကျန်တာပေါ့နော်။ အဲ့လူနာတွေကလည်း အရေးပေါ် အောက်စီဂျင်ပေးထားရတဲ့ လူနာတွေပေါ့နော်”လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ သံသယလူနာတွေကို ပိုးရှိမရှိ စစ်ဆေးပေးနေတဲ့ mawlamyine fever clinic ဟာလည်း လိုအပ်တဲ့ အထောက်အပံ့တွေ မရတာကြောင့် ပိတ်ထားရပါတယ်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နောက်ဆုံးထုတ်ပြန်ထားတဲ့ ဖေဖော်ဝါရီလ (၅)ရက်နေ့ စာရင်းတွေအရ ပြည်နယ်အတွင်း ကူးစက်ခံရသူ (၃၆၇၉) ဦးရှိပြီး သေဆုံးသူကတော့ (၄၆) ဦးအထိ ရှိခဲ့ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...