CDM ဝန်ထမ်းတွေကို ဖိအားပေး ထွက်ခိုင်းတဲ့ ရထား ပြည်သူတွေ ပိတ်ဆို့ဆန္ဒပြလို့ နောက်ပြန်ဆုတ်ရ

CDM ဝန်ထမ်းတွေကို ဖိအားပေး ထွက်ခိုင်းတဲ့ ရထား ပြည်သူတွေ ပိတ်ဆို့ဆန္ဒပြလို့ နောက်ပြန်ဆုတ်ရ

CDM လုပ်နေတဲ့ မြန်မာ့မီးရထားဝန်ထမ်းတချို့ကို ဖိအားပေးပြီး ထွက်ခိုင်းခဲ့တဲ့ မော်လမြိုင်-ရန်ကုန် အစုန်ရထားကို ပြည်သူတွေက ပိတ်ဆို့ပြီး ဆန္ဒဖော်ထုတ်ခဲ့လို့ ရထားနောက်ပြန်ဆုတ်ခဲ့ရပါတယ်။

မော်လမြိုင်မြို့မှာ တာဝန်ကျတဲ့ မီးရထားဝန်ထမ်းအများစုဟာ စစ်အစိုးရကို ဆန့်ကျင်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေပြီး ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်နေတာလည်း ဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ မီးရထားဝန်ထမ်းတချို့ကို ဖိအားပေးပြီး အမှတ်(၉၀)မော်လမြိုင်- ရန်ကုန် အစုန်ရထားကို ထွက်ခိုင်းခဲ့တာပါ။

ဒါကြောင့် ရာနဲ့ချီတဲ့ ပြည်သူတွေက ရထားလမ်းကို ပိတ်ဆို့ခဲ့ပြီး CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို ဖိအားမပေးဖို့နဲ့ ပြည်သူ့အာဏာကို ပြန်ပေးဖို့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဖိအားပေးခံရတဲ့ CDM ဝန်ထမ်းတွေနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ အခုလို ပိတ်ဆို့ ဆန္ဒပြတာလို့ ဆန္ဒဖော်ထုတ်သူတစ်ဦးက ပြောပါတယ်။

“ဝန်ထမ်းတွေက CDM လုပ်နေတယ် အခု ရထားက ထွက်လာတယ်။နိုင်ငံမှာ စစ်အာဏာရှင်တွေ အုပ်ချုပ်နေတဲ့အချိန် ဝန်ထမ်းတွေက လာရောက်ပူးပေါင်းတာ နံပတ်(၁)အချက်ပဲ။အခု ရထားတွေထွက်ဖို့ ခေါ်ပြီး ဆွဲထုတ်လာတာကို ကျွန်မတို့ မခံနိုင်ဘူး။CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို ကျွန်မတို့ ကာကွယ်ပေးရမယ်”လို့ ဆိုပါတယ်။

ဝန်ထမ်းတွေကို ဖိအားပေးထွက်ခိုင်းတဲ့ ရထားကို ပြည်သူတွေက ပိတ်ဆို့ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဆန္ဒဖော်ထုတ်သူတွေက ရထားလမ်းကို (၂)နာရီကြာ ပိတ်ဆို့ဆန္ဒပြပြီးတဲ့နောက်မှာ ရထားနဲ့အတူ လုံခြုံရေး ရဲတပ်ဖွဲ့တွေဟာ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။

အလားတူပဲ မော်လမြိုင်မြို့က ဘဏ်ဝန်ထမ်းအများစုလည်း CDM မှာ ပါဝင်ခဲ့လို့ ပုဂ္ဂလိကဘဏ်အများစု ပိတ်ထားရပါတယ်။

မော်လမြိုင်မြို့မှာတော့ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ အရှိန်မြင့်တက်နေပြီး အလွှာပေါင်းစုံက လူထုတွေလည်း ဝန်းရံပါဝင်လာတာကို တွေ့ရပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...