CDM ကြောင့် ဘဏ်တွေပိတ်လို့ လုပ်ငန်းရှင်တွေ အခက်တွေ့

CDM ကြောင့် ဘဏ်တွေပိတ်လို့ လုပ်ငန်းရှင်တွေ အခက်တွေ့

ပုဂ္ဂလိဘဏ်ဝန်ထမ်းတွေ CDM လုပ်ကြလို့ ဘဏ်လုပ်ငန်းတချို့ ရပ်နားထားပါတယ်။

CDM ‌ကြောင့် ပုဂ္ဂလိကဘဏ်အများစု ပိတ်ထားပြီးနောက် ငွေကြေးစီးဆင်းမှု ပြတ်တောက်ပြီး လုပ်ငန်းရှင်တချို့ အခက်အခဲတွေ ရင်ဆိုင်လာရပါတယ်။

အာဏာသိမ်းစစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုမှာ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေအပြင် အခြားဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း ပါဝင်လာတာ ဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာတော့ ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ ကမ္ဘောဇဘဏ်ခွဲ၊ ဧရာဝတီဘဏ်ခွဲ၊ ရိုးမဘဏ်ခွဲ၊ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ခွဲ၊ သမဝါယမဘဏ်ခွဲ၊ AGD ဘဏ် အစရှိတဲ့ ဘဏ်တွေအာလုံး ပိတ်ထားကြပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်တွေဟာ အရောင်းအဝယ်အတွက် ငွေသွင်းငွေထုတ် လုပ်လို့မရတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“အရောင်းအဝယ်မှာ ငွေကြေးတွေကို အဓိက ဘဏ်နဲ့ပဲ ချိတ်ဆက်လုပ်ဆောင်ကြတယ်လေ ဘဏ်ပိတ်လိုက်တော့ လတ်တလောတော့ အခက်အခဲတော့ရှိတာပေါ့ ဘာမှလုပ်လို့မရဘူး၊ ဟိုဘက်ကလဲ ပေးလာလို့မရ ဒီကနေလည်း ပေးသွားလို့မရ ဘဏ်မှာရှိနေတာကိုလည်း ထုတ်လို့မရ အဲလိုအနေအထား” လို့ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

ပုဂ္ဂလိဘဏ်ဝန်ထမ်းတွေ CDM လုပ်ကြလို့ ဘဏ်လုပ်ငန်းတချို့ ရပ်နားထားပါတယ်။ အစိုးရနဲ့တပ်ရဲ့ ဘဏ်လုပ်ငန်းတွေကတော့ လုံခြုံရေးအစောက်အရှောက်တွေနဲ့ ဆက်လက် ဖွင့်လှစ်ထားပါတယ်။

ဒါပေမယ့် ဘဏ်မှာ ငွေစုထားသူတွေဟာ ကိုလိုအပ်သလောက် ငွေထုတ်လို့မရတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ရှိတာလေးကိုတော့ ဘဏ်မှာပဲ သိမ်းထားတယ် လိုမှ ထုတ်သုံးတာ ဒီအပတ်မှာ ထုတ်သုံးရမှာတွေရှိတယ် အခု ဘဏ်တွေပိတ်နေတော့ ထုတ်မရတော့ဘူးလေ” လို့ မသဇင်က ပြောပါတယ်။

လက်ရှိမှာတော့ တပ်က အာဏာသိမ်းထားတာ (၁၇)ရက်နေ့မြောက်ရှိပြီး ပြည်သူတွေကလည်း စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အရှိန်အဟုန် မပျက် လှုပ်ရှားနေပါတယ်။

မွန်ပြည်နယ်က စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာတော့ အလွှာပေါင်းစုံက လူထုတွေ ဝန်းရံလာပြီး ရဲတပ်ဖွဲ့ကလည်း အကြမ်းဖက်ဖြိုခွင်းတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...