CDM တွင်ပါဝင်သောထွေအုပ်ဝန်ထမ်းများ ရုံးမတက်လျှင် အရေးယူမည်ဟု ဖိအားပေးခံရ

CDM တွင်ပါဝင်သောထွေအုပ်ဝန်ထမ်းများ ရုံးမတက်လျှင် အရေးယူမည်ဟု ဖိအားပေးခံရ

တပ်မတော် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Civil Disobedience Movement (CDM) လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသော ချင်းပြည်နယ် ဟားခါးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများကို ရုံးမတက်ပါက အရေးယူမည်ဟု ဖိအားပေးခံနေရကြောင်းသိရသည်။ 

 

 “အထက်ကနေ လုပ်ခိုင်းတာဖြစ်မယ် CDM မှာပါတဲ့သူတွေ မနက်ဖြန်ရုံးပြန်တက်ရင် အရေးမယူဘူး၊ တကယ်လို့ မနက်ဖြန်ရုံးပြန်မတက်ရောက်ဘူးဆိုရင်တော့ ပြစ်ဒဏ်အပြစ်ပေးတာ ဒါမှမဟုတ် အရေးယူမယ်ဆိုပြီးသိရတယ်” ဟု ဟားခါးမြို့ရှိ အမည်မဖော်လိုသူထွေအုပ်ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

 

CDM တွင်ပါဝင်သော ထွေအုပ်ရုံးဝန်ထမ်းများကို မနက်ဖြန်ရုံးပြန်တက်ရန် ဖုန်းဖြင့်အကြောင်းကြား မှုများပြုလုပ်ရန်လည်း အထက်မှညွန်ကြားထားကြောင်း ၎င်းကဆက်ပြောသည်။ 

 

မြန်မာ့တပ်မတော်သည် ဖေဖော်ဝါရီ ၁ ရက်က အရပ်သားအစိုးရထံမှ အာဏာသိမ်းယူလိုက်ပြီးနောက် မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် စစ်အာအာသိမ်းဆန်ကျင်ဆန္ဒပြမှုဖော်ပေါက်လာပြီး ချင်းပြည်နယ်တွင်လည်း ဖေဖော်ဝါရီ ၇ ရက်နေ့မှစ၍ ဆန္ဒ ဖော်ထုတ်မှုစတင်ခဲ့ကြသည်။ 

 

ယင်းဆန္ဒဖော်ထုတ်မှုတွင် ဟားခါးမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်း ၁၂၄ ဦးတို့ သည် Civil Disobedience Movement (CDM) တွင် ပူးပေါင်းပါဝင်လာခဲ့ကြသလို မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ တီးတိန်၊ ထန်တလန် စသည့်မြို့နယ်မှ ထွေအုပ်ရုံးဝန်ထမ်းများလည်း CDM တွင်ပူးပေါင်းပါဝင်ခဲ့ကြသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...