ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နေအိမ်အကျယ်ချုပ်ခံရ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နေအိမ်အကျယ်ချုပ်ခံရ
ဓာတ်ပုံ - ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုအား ယမန်နေ့က လွတ်မြောက်လာပြီးနောက် တွေ့ရစဉ်။ / Photo - Facebook
ဓာတ်ပုံ - ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုအား ယမန်နေ့က လွတ်မြောက်လာပြီးနောက် တွေ့ရစဉ်။ / Photo - Facebook

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုသည် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လယ် ၂ နာရီခန့်က နေအိမ်အကျယ်ချုပ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ဝန်ကြီးချုပ်ဦးညီပုသည် တပ်မတော်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဂွမြို့အခြေစိုက်အမှတ် (၅၆၂)တပ်ရင်း၏ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပြီး ယမန်နေ့က ပြန်လည်လွတ်မြောက်လာပြီးနောက် ယနေ့တွင် နေအိမ်အကျယ်ချုပ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၄င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်  ကိုစိုးမင်းအောင်ကပြောသည်။

“ နေ့လယ်က ပါတီရုံးမှာ အစည်းဝေးလုပ်နေရာက တပ်ကလာခေါ်သွားတယ်။ နေအိမ်မှာပဲနေပါလို့ပြောတယ်။ အရပ်ဝတ်နဲ့ သုံးယောက်ဝင်လာတယ်။ နောက်မှ လက်နက်အပြည့်အစုံနဲ့ ဝင်လာကြတာ။ ဝန်ကြီးချုပ်ရဲ့အိမ်ရှေ့မှာ လုံခြုံရေးတွေချထားတယ်။ ပါတီရုံးရှေ့မှာလည်း ချထားတယ်”ဟု သူကပြောသည်။

လက်ရှိတွင် ၄င်းမှာ ဝန်ကြီးချုပ်နှင့် တွေ့ခွင့်မရရှိသေးကြောင်း ဆက်ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစံကျော်လှ၊ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ရသေ့တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေ၊ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌဒေါ်တင်လှိုင်နှင့်အတွင်းရေးမှူး ဦးသူရိန်ထွဋ်တို့သည် ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်က အာဏာသိမ်းချိန် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။

ယနေ့ညနေ ၆ နာရီခန့်အထိ ဦးစံကျော်လှမှအပ အားလုံးမှာ ပြန်လွတ်လာပြီဖြစ်သော်လည်း ဝန်ကြီးချုပ်မှာ ယခုကဲ့သို့ နေအိမ်အကျယ်ချုပ်ကျခံနေရခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...