ကျောက်မဲမြို့နယ် အမျိုးသားတဦး မိုင်းနင်းမိ

ကျောက်မဲမြို့နယ် အမျိုးသားတဦး မိုင်းနင်းမိ

နန်းဆိုင်ဖူး — သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာနေထိုင်သည့် အမျိုးသား တဦးသည် ယမန်နေ့ (ဇန်နဝါရီ ၂၆)ရက် ညနေပိုင်းတွင် မိုင်းနင်းမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ (၂၆) ရက် ညနေပိုင်းအချိန်တွင် ညောင်မောင်းကျေးရွာနေသူ အသက် (၃၅) နှစ်အရွယ် အမျိုးသားတဦး မြင်းသွားရှာရာ မိုင်းနင်းမိကြောင်း ဇိဝိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သူနေထိုင်တဲ့ ရွာနဲ့ ၂ မိုင်လောက်ရှိတဲ့ နေရာမှာ သူ့မြင်းသွားရှာရင်း မိုင်းနင်းမိတာ” ဟု ဦးတင်မောင်သိန်း က ပြောသည်။

အဆိုပါ မိုင်းနင်းမိသူ အမျိုးသား သည် ကျောက်မဲဆေးရုံတွင် ဆေးကုသခံယူနေကြောင်း နမ့်ခုံး ပရဟိတ လူမှုကူညီရေး အသင်းမှ သိရသည်။

“သူ့ ဒူခေါင်း၊ ပေါင် နဲ့ နောက်ခါး တွေမှာ မိုင်းစထိမှန် ထားတဲ့အတွက် ကျောက်မဲဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်” ဟု သွားရောက်ခေါ်ဆောင်သည့် နမ့်ခုံးပရဟိတ အသင်းမှ တာဝန်ရှိသူတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းက RCSS/SSA နှင့် TNLA တို့သည် တော့ဆန်ကျေးရွာအုပ်စုအနီး တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံနေအိမ်များ (၆၀) ကျော် ကျည်ထိမှန်ပြီး စစ်ရှောင်များလည်း ရှိခဲ့ကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၊ အစိုးရတပ်မတော် လှုပ်ရှားရာနယ်မြေဖြစ်ပြီး၊ ထိုနယ်မြေ အတွင်း မြေမြုပ်မိုင်းများကြောင်း ဒေသခံ အရပ်သားများ မကြာခဏ ထိမှန်ကာ သေဆုံးခဲ့ပြီး၊ မြေမြုပ်မိုင်းကြောင့် ခြေထောက်ဖြတ်လိုက်ရသူများ လည်း ရှိကြောင်းသိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...