သျှမ်းရှေ့ ကျန်းမာရေးဝန်ထမ်း ၁၆၀၀ ကျော် ကိုဗစ်-၁၉ ကာကွယ်‌ဆေး စတင်ထိုးပေး

သျှမ်းရှေ့ ကျန်းမာရေးဝန်ထမ်း ၁၆၀၀ ကျော် ကိုဗစ်-၁၉ ကာကွယ်‌ဆေး စတင်ထိုးပေး

သျှမ်းပြည်နယ် အရှေ့ပိုင်းတွင် ယနေ့(ဇန်နဝါရီ ၂၇ ရက်)၌ ကျန်းမာရေးဝန်းထမ် (၁၆၀၀ )ကျော်ကို ကိုဗစ် -၁၉ ကာကွယ်ဆေးကို စတင်ထိုးနှံပေးနေပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုကာကွယ်ဆေးကို သျှမ်းပြည်အရှေပိုင်း တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့တို့တွင် စတင်ထိုးပေးနေပြီဖြစ်ကြောင်း တာချီလိတ်ဆေးရုံအုပ် ဒေါက်တာလင်းထွဋ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ကျနော်တို့ ကျိုင်းတုံးဆေးရုံနဲ့ တာချီလိတ်ဆေးရုံ တွေမှာ စတင်ထိုးနှံပေးနေပါပြီ။ ကျနော်တို့ လောဆယ် ပထဆုံးအသုတ်အနေနဲ့တော့ ကျန်းမားရေးဝန်ထမ်း ၁၆၅၂ ကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ လင်းထွဋ်ဦးက ပြောသည်။

ထိုကာကွယ်ဆေး ၁၆၀၀ ကျော်သည် သျှမ်းပြည်နယ် အရှေ့ပိုင်း ၁၁ မြို့နယ် မှ ကျန်းမာရေးဝန်ထတမ်းများဖြစ်ကြောင်း သိရသည်။

ထိုကိုဗစ် ၁၉ ကာကွယ်ဆေးကို ထိုးပြီးပါက အနည်းငယ်အဖျားရှိနိင်ကြောင်း နှင့် ကိုက်ခဲနိုင်င်ကြောင်းလည်း ဒေါက်တာလင်းထွဋ်ဦးက ပြောသည်။

“ အခုတော့ ကျန်းမားရေးဝန်ထမ်းတွေအားလုံးကို သင်တန်းတွေလည်းပေးပြီးပါပြီ ကာကွယ်ဆေးနဲ့ ပတ်သတ်ပြီးတော့။ တချို့သူတွေ အတွက်တော့ ဖျားတာနာတာတော့ရှိနိုင်တယ်။ ဒါပေမယ့် ရောက်တိုင်းတော့ မဖြစ်နိုင်ဘူး” ဟု ဒေါက်တာလင်းထွဋ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနေချိန်တွင် ပြည်သူများအနေဖြင့် ကိုဗစ် ၁၉ ရောဂါကို မပေါ့ဆရန်၊ အပြင်သွားတိုင်း Mask(နှာခေါင်းစည်း)တပ်ရန်၊ ထုံးစံအတိုင်း ကိုဗစ် ၁၉ ကို ကာကွယ်ကြပါရန် ဟု ဒေါက်တာလင်းထွဋ်ဦးက ထပ်လောင်းပြောသည်။

မြန်မာနိုင်ငံတွင် ယမန်နေ့(ဇန်နဝါရီ ၂၆)ရက် ည ၈နာရီတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာသစ် (၄၁၁)ဦး ရှိပြီး၊ သေဆုံးသူ (၁၃)ဦးရှိကြောင်းသိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...