မောင်တောတွင် လက်နက်ကိုင်တစ်စု၏ရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်သူတစ်ဦးအား စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်

မောင်တောတွင် လက်နက်ကိုင်တစ်စု၏ရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်သူတစ်ဦးအား စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအုပ်စုတွင် လက်နက်ကိုင်လူတစ်စု၏ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိသွားသူနှစ်ဦးအနက် ဒဏ်ရာပြင်းထန်သူတစ်ဦးအား စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရသည်ဟု သတင်းရရှိသည်။

အရေးပေါ်ပို့ဆောင်လိုက်ရသူမှာ မောင်တောမြို့နယ် အောင်သုခကျေးရွာမှ ဦးကျော်ဇောအောင် (၅၅ နှစ်)ပြီး ၎င်းအား ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် မောင်တောဆေးရုံမှ စစ်တွေဆေးရုံသို့ပို့ဆောင်လိုက်ရခြင်းဖြစ်သည်။

“ဒဏ်ရာတွေကတော့ လက်တွေကိုနောက်ပြန်ကြိုးတုတ်ပြီးတော့ ချည်ထားတဲ့ ဒဏ်ရာတွေ၊ ခြေဖမိုးတွေနဲ့ ကန်ကျောက်ထားတဲ့ ဒဏ်ရာတွေ၊ သေနတ်ပေါင်နဲ့ထုထောင်းထားတဲ့ဒဏ်ရာတွေရလာတယ်။"ဟု ဦးကျော်ဇောအောင်၏ သမက်ဖြစ်သူ ကိုကျော်ဆန်းမင်းက ပြောသည်။

ဒဏ်ရာပြင်းထန်သူ ဦးကျော်ဇောအောင်နှင့်အတူ တစ်ရွာတည်းနေ ဦးမင်းသိန်းထွန်း (၃၈ နှစ်)တို့သည် ဇန်နဝါရီလ ၂၁ ရက်နေ့က ရွာအနီးရှိတောင်ပေါ်သို့

ဝါးခုတ်ရန်သွားပြီးနောက် ယင်းနေ့နံနက် ၁၁ နာရီခန့်တွင် လက်နက်ကိုင်လူတစ်စု၏ ဖမ်းဆီးရိုက်နှက်ခြင်းကိုခံခဲ့ရသဖြင့် ဒဏ်ရာများရရှိသွားကြခြင်းဖြစ်သည်။

ဦးမင်းသိန်းထွန်းတွင် ဒဏ်ရာပြင်းထန်မှုမရှိသောကြောင့် မောင်တောဆေးရုံ၌ ဆက်လက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါအောင်သုခကျေးရွာတွင် အိမ်ခြေ ၁၂၀ ကျော်ရှိပြီး ယခုလိုမျိုးဖြစ်စဉ်များကြောင့် ဒေသခံကျေးရွာသားများမှာ စိုးရိမ်ကြောင်းကြလျက်ရှိကြောင်း သိရှိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...