DMG သတင်းဌာနမှ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်တစ်ဦးကို တပ်မတော်က ၆၆(ဃ)ဖြင့် အမှုဖွင့်

DMG သတင်းဌာနမှ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်တစ်ဦးကို တပ်မတော်က ၆၆(ဃ)ဖြင့် အမှုဖွင့်

ထွန်းခိုင်  — ရခိုင်အခြေစိုက်မီဒီယာတစ်ခုဖြစ်သော Development Media Group (DMG) သတင်းဌာနမှ ဒု-တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်တစ်ဦိးအား တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အမှုဖွင့်ခြင်းခံရသူနှစ်ဦးမှာ DMG သတင်းဌာနမှ ဒု-တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ဖြစ်ကြသည်။

ကိုနေဝင်းစံက “ ကျနော်တို့ဆီကိုတော့ အကြောင်းကြားတာတွေမရှိသေးဘူး။ ပြောသံကြားတာကတော့ ၆၆(ဃ)နဲ့ အမှုဖွင့်ထားတယ်လို့ပြောသံကြားတယ်။ ကျန်တာကတော့ တစ်ခုမှ အတိအကျမသိရသေးဘူး။ အမှုဖွင့်ခံရတာကတော့ မာလာကျေးရွာက စပါးတောင်း (၇၀၀) ကို ယူသွားတဲ့ဆိုတဲ့ သတင်းကြောင့်ထင်တယ်။” ဟု ပြောသည်။

DMG သတင်းဌာနမှ သတင်းထောက်နှစ်ဦးအား တပ်မတော်က အမှုဖွင့်ထားခြင်းမှာ ဟုတ်မှန်ပြီး ယမန်နေ့က လာရောက်အမှုဖွင့်သွားခြင်းဖြစ်သည်ဟု စစ်တွေမြို့ အမှတ် (၂) ရဲစခန်းမှ စခန်းမှူး ရဲအုပ် သိန်းထိုက်က နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“ အမှုဖွင့်ထားတာဟုတ်ပါတယ်။ မနေ့ကလာဖွင့်သွားတာပါ။” ဟု ရဲအုပ်သိန်းထိုက်ကပြောသည်။

သတင်းထောက် မနှင်းနွယ်ရေးသားသည့် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ စပါးတောင်း (၇၀၀) ကို တပ်မတော်က ယူဆောင်သွားသည်ဆိုသည့်သတင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် (DMG) သတင်းဌာန၏ facebook စာမျက်နှာ၌ ရေးသားတင်ပြခဲ့သည်။

DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုလည်း ပြီးခဲ့သော ၂၀၁၉ ခုနှစ် မတ်လ (၁၁) ရက်နေ့က သတင်းတပ်ဖွဲ့ (SB) က တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၂)ဖြင့် စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

၄င်းအပြင် ယင်းသတင်းဌာန၏ မောင်တောအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းအားလည်း ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က လမ်းတံတားဦးစီးဌာနက  တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်် မောင်တောမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် DMG သတင်းဌာနမှ အယ်ဒီတာနှစ််ဦးနှင့် သတင်းထောက်နှစ်ဦးမှာ အမှုဖွင့်ခံထားရကြောင်း သိရှိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...