တတိယအကြိမ် မွန်လွှတ်တော် အစည်းအဝေး ဖေဖော်ဝါရီ ဒုတိယပတ်မှာ စမည်

တတိယအကြိမ် မွန်လွှတ်တော် အစည်းအဝေး ဖေဖော်ဝါရီ ဒုတိယပတ်မှာ စမည်

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေ စတင် တက်ရောက်မယ့် တတိယအကြိမ် မွန်ပြည်လွှတ်တော်ရဲ့ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို  ဖေဖော်ဝါရီ ဒုတိယအပတ်မှာ ကျင်းပသွားမယ်လို့ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ တတိယအကြိမ် လွှတ်တော်သက်တမ်း ပြည်ထောင်စု အစည်းအဝေးတွေကိုတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော်ဟာ ပြည်သူ့လွှတ်တော်သက်တမ်းနဲ့ အညီဖြစ်တဲ့အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်ကျင်းပရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်  ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပြဌာန်းချက်အရ ပြည်ထောင်စု လွှတ်တော်စခေါ်တဲ့နေ့မှ ၁၅ ရက်အတွင်း ကျင်းပနိုင်တဲ့အတွက် ဖေဖော်ဝါရီ (၈)ရက်နေ့မှသာ ကျင်းပတာ ဖြစ်တယ်လို့ လက်ရှိ လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။

“တတိအကြိမ်ကို အန်တီတို့က ခေါ်ပေးရတယ်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ၁ ရက်နေ့ဆိုတော့ အန်တီက ၈ ရက်နေ့လောက်ခန့်မှန်းထားတယ်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ၁ ရက်နေ့ ဆိုတော့ အန်တီတို့ကို ဘာတွေပြန်လာအုံးမလဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို သူတို့ ဘယ်လိုစီမံ စီစဥ်အုံးမလဲမသိဘူး အန်တီကတော့ ပုံမှန်ဆိုရင် ၈ ရက်နေ့ ခေါ်ဖို့ စိတ်ကူးရှိတယ်”လို့ ဆိုပါတယ်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမနေ့အစည်းအဝေးမှာတော့ သဘာပတိရွေးတာနဲ့အတူ လွှတ်တော် ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌတွေကို ရွေးချယ်ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

 အဲဒီက ရွေးချယ်လိုက်တဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်ဥက္ကဌကိုတော့ လက်ရှိ တာဝန်ရှိသူတွေက လွှတ်တော်လုပ်ငန်းဆိုင်ရာတွေကို လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကိုတော့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၁ ဦးတို့နဲ့ ဖွဲ့စည်းထားပါတယ်။

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် (၁၇) ဦး နဲ့ မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် (၆) ဦးတို့ ပါဝင်ပါတယ်။

May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...