ကိုဗစ်ကာလ နယ်မြေဖြတ်ကျော်ခွင့် ကန့်သတ်ထားလို့ ရာဘာလုပ်သား ရှားပါးနေ

ကိုဗစ်ကာလ နယ်မြေဖြတ်ကျော်ခွင့် ကန့်သတ်ထားလို့ ရာဘာလုပ်သား ရှားပါးနေ

သံလွင်တိုင်းမ် — ကိုဗစ်ကာလ နယ်မြေဖြတ်ကျော်သွားလာခွင့် အခက်အခဲတွေကြောင့် မွန်ပြည်နယ်က ရာဘာလုပ်ငန်းတွေမှာ အလုပ်သမား ရှားပါးမှု ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။

မွန်ပြည်နယ်မှာတော့ ရာဘာစိုက်ဧက (၅)သိန်းကျော်ရှိပြီး နှစ်စဉ် ရာဘာတန်ချိန် (၁)သိန်းကျော်ကို ထုတ်လုပ်နေတာပါ။

ရာဘာလုပ်သားတွေအနေနဲ့ လာရောက်လုပ်ကိုင်သူ အများစုကတော့ ဧရာဝတီတိုင်းက ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။

 အခုအခါမှာတော့ ရာဘာရာသီရောက်နေပြီးဖြစ်ပေမယ့် ရွှေ့ပြောင်းလုပ်သားတွေ မလာနိုင်တဲ့အတွက် ခြံလုပ်ငန်းအချို့ ရပ်နားထားရတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“တစ်ချို့ခြံတွေက ရွေ့ပြောင်းလုပ်သားတွေရှိတယ်။ အခု သူတို့မလာနိုင်တော့ မဖွင့်နိုင်ဘူးဖြစ်နေတယ်။ အသွားအလာအခက်ခဲကြောင့်ပေါ့လေ။ သူတို့က လာတော့လာချင်တယ်။ လာလို့မရဘူးပေါ့”လို့ မွန်ပြည်နယ်ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အလူပ်အမှုဆောင် ဦးအောင်ရွှေက ပြောသည်။

ဒါ့အပြင် မွန်ပြည်နယ်ရဲ့ ရာဘာအဓိက တင်ပို့နေရတဲ့ တရုတ်စျေးကွက်မှာလည်း ကိုဗစ်ကာလ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဝယ်လိုအား ကျတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“သွားလာဖို့ လမ်းပန်းတွေက ပိတ်ထားတော့ တရုတ်က ဝယ်တာ နည်းလာတယ် အာ့ဒီတော့ စျေးကွက်က ကျဆင်းမှုတွေ ရှိလာတယ်”လို့  ရာဘာလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုကျော်စိုးက ပြောပါတယ်။

လက်ရှိအချိန်ထိတော့ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေဆဲဖြစ်တဲ့အတွက် အခြားတိုင်းနဲ့ပြည်နယ်ကနေ မွန်ပြည်နယ်အတွင်းကို ခရီးသည်ယာဉ်တွေရဲ့ ပြေးဆွဲခွင့်ကိုတော့  ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...