နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး ရွာသား (၁၀၀) ကျော် စစ်ဘေးရှောင် တိမ်းရှောင်ရ

နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး ရွာသား (၁၀၀) ကျော် စစ်ဘေးရှောင် တိမ်းရှောင်ရ

နန်းဆိုင်ဖူး - သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယနေ့နံနက်ပိုင်း RCSS/SSA နှင့် မဟာမိတ်တပ်ပေါင်းစုတို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားသဖြင့် ဒေသခံရွာသား (၁၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ရကြောင်း သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာ (၉) ရက် မနက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နားကျဲကျေးရွာ (၁၅) ဦး၊ ကွန်ကျောင်း (၃၃) ဦး၊ ပိန်းလုံ (၂၃) ဦး နှင့် နားကျိုင်း (၇၀) ဦး စုစုပေါင်း ဒေသခံ ရွာသား (၁၄၁) ဦး တို့သည် မန်စံကျေးရွာရှိ ရွှေစကားဝါ ကျောင်းတိုက် သို့ စစ်ဘေးရှောင် ရောက်ရှိထားကြောင်း သတင်းရရှိသည်။

“စစ်ရှောင်တွေ ရောက်နေတာ ဟုတ်ပါတယ်။ ဆန်၊ ဆီ၊ ဆားတွေယူပြီး သွားရောက် ကူညီဖို့ ဆောင်ရွက်နေပါတယ်။ တိုက်ပွဲတော့ ငြိမ်သွားပြီလို့တော့ ကြားတယ်။” စစ်ဘေးမှာ သွားရောက်ကူညီဆောင်ရွက်နေသည့် လုံးစိုင်းဘဉာဏ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားသည့်အတွက် တိုက်ပွဲများ ငြိမ်သွားပြီဖြစ်ကြောင်း နားကျဲဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီမနက်ပိုင်း တိုက်ပွဲက ရွာနဲ့ အရမ်းနီးတဲ့အတွက်ကြောင့်မလို့ ရွာသားတွေ မန်စံဘုန်းကြီးကျောင်းကို ထွက်ပြေးလာရခြင်း ဖြစ်တယ်။ လက်ရှိတော့ သေနတ်သံတွေ ငြိမ်သွားပြီ။မဟာမိတ် တပ်ပြန်ဆုတ်သွားလို့ သေနတ်သံ ငြိမ်သွားတာပါ။” မန်စံဒေသခံ စိုင်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဒီဇင်ဘာ (၅) ရက်နေ့ကတည်းက မန်စံဘက်သို့ အင်အားဖြည့်တင်းလာနေကြပြီး တအောင်းတပ်များသည်လည်း ယမန်နေ့ညက အဆိုပါ နားကျဲ၊ ကွန်ကျောင်းရွာများနှင့် နီးကပ်စွာ ဝင်ရောက် အနားယူခဲ့ကြကြောင်း ရွာသားများက ပြောဆိုကြသည်။

ဒီဇင်ဘာ (၅) ရက်နေ့ မနက်ပိုင်းတွင်လည်း ကာလအတန်ကြာ စစ်ရေးတင်းမာကြပြီးနောက် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း RCSS နှင့် SSPP ထိတွေ့မှု တိုက်ပွဲဖြစ်ပွားခဲ့သည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...