စစ်ဘက်ဆိုင်ရာယာဉ်များသွားလာလှုပ်ရှားမှုများပြားနေ၍ ရခိုင်တွင်စစ်ပွဲများပြန်ဖြစ်မည်ကို ဒေသခံများစိုးရိမ်

စစ်ဘက်ဆိုင်ရာယာဉ်များသွားလာလှုပ်ရှားမှုများပြားနေ၍ ရခိုင်တွင်စစ်ပွဲများပြန်ဖြစ်မည်ကို ဒေသခံများစိုးရိမ်

ဇော်ဝင်းဌေး - လက်ရှိရခိုင်ပြည်နယ်တွင် တိုက်ပွဲများမရှိသဖြင့် အခြေအနေ တည်ငြိမ်သော်လည်း တပ်မတော်မှ စစ်ရဟတ်ယာဉ်၊ စစ်ကား၊ ရေတပ်စစ်ရေယာဉ်များသွားလာလှုပ်ရှားမှုများပြားနေ၍ ရခိုင်တွင် စစ်ပွဲများ ပြန်ဖြစ်မည်ကို ဒေသခံများစိုးရိမ်နေကြသည်။

ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ် ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ ပုံမှန်သွားနေတာထက် နည်းနည်းတော့ ပိုများတယ်။ စစ်ပွဲကာလတုန်းကလည်း သွားနေကြတာပဲ။ ဒါပေမယ့် လူတွေက သတိမပြုမိကြလို့ပါ။ အခုတော့ နည်းနည်းပိုများတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ပြည်သူတွေက စစ်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေကြတာဖြစ်တယ်။ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာ အနေအထားတော့ ရှိပါတယ်” ဟု ပြောကြားသည်။

ယမန်နေ့ကလည်း ဇက်စစ်ရေယာဉ်အများအပြား လက်နက်အပြည့်၊ လူအပြည့်ဖြင့် မေယုမြစ်အတိုင်း ဆန်တက်သွားသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဒေသခံများက ပြောကြားသည်။

“ သွားနေကြတာတော့မှန်ပါတယ်။ အင်အားတွေ၊ ရိက္ခာတွေလည်း ဖြည့်တင်းနေပုံရပါတယ်။ ဒါပေမယ့်လည်း နှစ်ဖက်တပ်တွေအကြား မှာတော့ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်တာမရှိတဲ့အတွက် အကောင်းဘက်ကိုလည်း မျှော်လင့်လို့ရပါတယ်။ အခြေအနေကတော့ ဆွေးနွေးစကားပြောဆိုမှုတွေ ရှိနေတဲ့ ကာလဖြစ်တဲ့ အတွက် လောလောဆယ် ပြန်ဖြစ်ဖို့အခြေအနေ နည်းမယ်လို့တော့ သုံးသပ်လို့ ရပါတယ်။ ဘာဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ရမယ်” ဟု ဦးခင်မောင်လတ်က ပြောဆိုသည်။

ရက္ခိုင့်တပ်တော်(AA)မှ နိုဝင်ဘာလ(၁၂)ရက်နေ က ရွေးကောက်ပွဲ မကျင်းပသည့် မြို့နယ်များတွင် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေး ကြေညာချက် တစ်စောင်ထုတ်ပြန်တောင်းဆိုခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင် တပ်မတော်မှ ယင်းထုတ်ပြန် ချက်အား ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားမှုမရှိဘဲ သိသိသာသာလျော့နည်းသွားခဲ့သည်ဟု သိရသည်။

စစ်ပွဲများရပ်တန် ့နေသော်လည်း စစ်ရဟတ်ယာဉ်များပျံသန်းမှု၊ စစ်ရေယာဉ်များ မြစ်ကြောင်း တစ်လျှောက် သွားလာမှုများရှိနေ၍ စစ်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ကျောက်တော်ဒေသခံ ဒေါ်မ၀ါ၀ါက ပြောသည်။

 “ပြည်သူလူထုအနေနဲ ့စိုးရိမ်မှုတော့ရှိတာပေါ့။ အခုက စစ်တပ်တွေ အသွားအလာများနေတော့ စိုးရိမ်မှုတွေ လူတိုင်းလိုလို ရှိနေကြတယ်။ စစ်ပွဲတွေ ရပ်သွားရင်တော့ အရမ်းကောင်မှာပါ။ တိုက်ပွဲတွေ ပြန်ဖြစ်လာရင်လည်း ကျွန်မတို့က ဘယ်တတ်နိုင်ပါမလဲ။ ဒေသခံတွေအနေနဲ ့ကတော့လေ။ စစ်ပွဲတွေ ရပ်စေချင်တာပေါ့။ ရပ်သွား ရင်တော့ ဒေသခံတွေ စိတ်အေးချမ်းသာမှုကိုလည်းရမယ်”ဟုပြောသည်။

မင်းပြားဒေသခံ လူမှုရေးလှုပ်ရှားဆောင်ရွက်နေသူ ကိုအမ်းသားကြီးက တိုက်ပွဲများ ပြန်ဖြစ်မည်ကို လူထုအကြား စိုးရိမ်မှုရှိနေ၍ တိုက်ပွဲများရပ်သွားအောင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်ကို လက်ရှိအစိုးအနေဖြင့် ဖြေရှင်း အသိမှတ်ပြုပေးရန် လိုအပ်သည်ဟု ပြောသည်။

“တိုက်ပွဲတွေရပ်နေတာဆိုပေမယ့် စစ်ပွဲတွေပြန်ဖြစ်လာမှာကိုကျွန်တော်တို ့ဒေသခံတွေ အရမ်း စိုးရိမ် နေကြပါတယ်။ လက်ရှိစစ်ပွဲတွေရပ်နေတဲ့ အနေအထားအရဆိုရင်တော့ပြည်သူတွေအနေနဲ ့အေးအေးချမ်းချမ်း နေထိုင်နိုင်မယ်။ စစ်ဘေးရှောင်တွေလည်း အိမ်ပြန်နိုင်ကြမယ်။ ဒါပေမယ့် တိုက်ပွဲက ရပ်နေတာလား အားယူ နေကြတာလား၊ မသေးကွဲဘူး။ လက်ရှိအစိုးရအနေနဲ လည်း ဒီပြဿနာတွေ ပြေလည်ဖို့ဆိုရင် တိုင်းရင်းသား တွေရဲ့ အရေးကို အမြန်ဆုံး ဦးစားပေးဆောင်ရွက် ဖို့လိုပါတယ်။ ဒီနိုင်ငံရေး ပြဿနာတွေ ပြေလည်မှ စစ်ပွဲတွေ ရပ်သွားမှာကို ”ဟု ပြောသည်။

ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဒေသခံများအနေဖြင့် အစိုးရအပေါ် ယုံကြည်မှု အားနည်းနေပြီး စစ်ပွဲများပြန်ဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်းပြောဆိုသည်။

“အဓိကတော့ စစ်ပွဲရပ်နားတာ ကောင်းတဲ့အချက်ပေါ့နော်။ ဒါပေမယ့် တပ်မတော်နဲ ့ရက္ခိုင့်တပ်တော်(AA) တိုု့ နှစ်ဖက် စလုံးက ကတိကဝတ်တွေကို ရေရှည်ထိန်းထားနိုင်ဖို ့တော့ လိုတာပေါ့နော်။ စစ်ပွဲရပ်တဲ့ကာလဆိုတော့ ပြည်သူတွေက လွတ်လွတ်လပ်လပ် ဘုရားတွေသွားဖူးကြတယ်။ ရပ်တွေရွာတွေဆီ သွားလည်ကြတယ်။ တချို့ စစ်ဘေးရှောင်တွေ ဆိုရင် အိမ်ပြန်ကြတယ်။ ပြည်သူတွေကတော့ နောက်လာမယ့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို ့မှာ စစ်ပွဲတွေပြန်ဖြစ်လာမလားဆိုပြီး စိုးရိမ်နေကြတယ်”ဟု နိရဥ္စရာသို ့ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက စစ်ပွဲများရပ်တန့် နေသည်မှာ ကောင်းသော လက္ခဏာဖြစ်ကြောင်း၊ စစ်ဘေးရှောင်တချို့က စိုက်ပျိုးထားတဲ့စပါးများကို ရိတ်သိမ်းနိုင်ရန် အတွက် အိမ်ပြန်သွားကြသည်ကို မြင်တွေ့ရ၍ ယခုထက် အခြေအနေ ပိုကောင်းမွန် စေလိုကြောင်း ပြောကြားသည်။

“အဓိကတော့ တိုက်ပွဲတွေရပ်တန် ့နေတာဆိုပေမယ့် တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်မြို့နယ်တို ့မှာ တပ်စခန်းချထားတာတွေ၊ လမ်းပိတ်ဆို ့တာတွေရှိတယ်။ ဒါကြောင့်မို ့တိုက်ပွဲတွေ ပြန်ဖြစ်လာမည်ကိုလည်း ဒေသခံများ စိုးရိမ်နေကြတယ်။ ရရှိထားတဲ့ အခြေအနေကို ဒီထက် ပိုကောင်းမွန် စေချင်ပါတယ်” ဟု ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို ့၏ ၂နှစ်နီးပါးကြာမြင့်လာနေသည့်တိုက်ပွဲကြောင့် နေရပ်စွန် ့ခွာ ထွက်ပြေးနေသည့် စစ်ဘေးသင့်ဒုက္ခသည်အရေအတွက် ၂ သိန်းကျော်ရှိခဲ့ရာမှ တချို့မှာလည်း အိမ်ပြန်သွားကြပြီဖြစ်သဖြင့် ယခုလက်ရှိ တစ်သိန်းကိုးသောင်းကျော်သာ ကျန်ရှိနေသည်ဟု REC က ဒီဇင်ဘာ(၃) ရက်နေ ့က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို ့၏ တိုက်ပွဲများဖြစ်ပွားနေသည်မှာ(၂) နီးပါး ကြာမြင့်လာနေပြီး အဓိက တိုက်ပွဲ ဖြစ်ပွားနေသော မြို့နယ်များမှာ  ပုဏ္ဏားကျွန်း၊ မြေပုံ၊ကျောက်တော်၊ မြောက်ဦး၊မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ အမ်းမြို့နယ်နှင့်  ချင်းပြည်နယ်မှ  ပလက်ဝမြို့နယ်တို့ ပါဝင်သည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...