နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မဲပေးခဲ့သူ ၃ သိန်းကျော်သာရှိ

နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မဲပေးခဲ့သူ ၃ သိန်းကျော်သာရှိ

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရခိုင်တစ်ပြည်နယ်လုံး၌ မဲပေးခွင့် ရရှိသူဦးရေမှာ ၄၇၇၉၇၅ ဦးရှိပြီး ထိုအထဲတွင် မဲပေးသူ ဦးရေမှာ ၃၂၉၉၆၀ ဦးသာရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဲလာပေးသူ ၃၂၉၉၆၀ ဦးတွင်လည်း မဲရုံတွင် လာပေးသူမှာ ၂၅၁၄၀၂ ဦးသာရှိပြီး ကြိုတင်မဲ ပေးသူမှာ ၇၈၅၅၈ ဦးရှိသည်။ မဲပေးသူ အရေအတွက်မှာ ၆၉ ဒဿမ ၀၄ ရခိုင်နူန်းရှိသည်။  

ပယ်မဲမှာ ၁၂၅၅၀ ရှိပြီး ပျောက်မဲ ၂၄၉ မဲရှိကြောင်း၊ စုစုပေါင်း ပယ်မဲ၊ ပျောက်မဲ အရေအတွက်မှာ ၁၂၇၉၉ ရှိကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပယ်မဲ၊ ပျောက်မဲများကို ဖယ်လိုက်ပါက ရရှိသည့် ခိုင်လုံမဲမှာ မဲရုံမဲ ၂၃၉၅၂၉ မဲ၊ ကြိုတင်မဲ ၇၇၆၃၃ မဲရှိကြောင်း၊ သို့အတွက် ခိုင်လုံမဲ ရာခိုင်နှုန်းမှာ ၉၆ ဒဿမ ၁၂ ရှိကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ် ရှိရာတွင် မြိုနယ် (၉) မြို့နယ်ဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြားနှင့် မြေပုံတို့တွင် လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲကို ပယ်ဖျက်ခဲ့သည်။

ကျင်းပခဲသည့် မြို့နယ်ထဲတွင် မဲဆန္ဒနယ် လေးခုစလုံးကို အပြည့်ကျင်းခဲ့သည့် မြို့နယ်မှာ ဂွ၊ သံတွဲ၊ မာန်အောင်နှင့် ရမ်းဗြဲမြို့နယ်တို့ ဖြစ်ကြပြီး ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့တွင် မဲဆန္ဒနယ်တချို့ကို မဲပေးခွင့်ကို ဖျက်သိမ်းခဲ့သည်။

နောက်ထပ် မြို့နယ် (၂) ခုဖြစ်သည့် တောင်ကုတ်မြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် ပြည်နယ် လွှတ်တော်နေရာ တစ်ခုစီကို ကျင်းပခဲ့ခြင်း မရှိခဲ့ပေ။

ရခိုင်တစ်ပြည်နယ်လုံးတွင် မဲပေးနိုင်သူ တစ်သန်း ခြောက်သိန်းလေးထောင်ကျော်ရှိပြီး မြို့နယ်၉ ခုကို ပယ်ဖျက်ခဲ့သဖြင့် မဲဆန္ဒရှင် တစ်သန်းနှစ်သိန်းကျော်မှာ မဲပေးခွွင့်ဆုံးရှုံးခဲ့ရသည်။

Most read this week

ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...