သံတွဲကို စစ်တပ်က လေယာဉ် အုပ်စုလိုက်ဖြင့် ဗုံးကြဲ

သံတွဲကို စစ်တပ်က လေယာဉ် အုပ်စုလိုက်ဖြင့် ဗုံးကြဲ
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က လေယာဉ်များ ဖြင့် အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယနေ့ ဩဂုတ်လ ၁၀ ရက်၊ နေ့လယ် ၁ နာရီကျော်မှစတင်ကာ ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် လာရောက် ဗုံးကြဲခဲ့ ခြင်းဖြစ်ပြီး ထပ်မံ၍လည်း လေယာဉ်များ ဝဲပျံနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ဒေသခံတစ်ဦးက “ကျောက်ကြီးရွာနားနဲ့ ကျောက်ကြီးဆေးရုံအနားတွေကို အဓိက ကြဲတာပါ။ နောက်ထပ် လေယာဉ်ဝဲတုန်း” ဟု ယနေ့ မွန်းလွှဲ ၃ နာရီခွဲတွင် ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ရှိနိုင်သော်လည်း အသေးစိတ် အချက်အလက် များကို နိရဉ္စရာက ဆက်လက်စုံစမ်းလျက်ရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်ကလည်း သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူများ နေထိုင်ရာ နေရာများကို စစ်ကောင်စီတပ်က လေယာဉ် ၄ စီးဖြင့် ဗုံးကြဲခဲ့ရာ အဆိုပါရပ် ကွက်မှ ဦးကျော်သူနိုင် (၄၁) နှစ်နှင့် ဒေါ်မစန်းမြင့် (၆၀) နှစ်တို့နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် ဘန်ဂလိုများ အပါအဝင် အဆောက်အအုံ ၂၀ ခန့် ပျက်စီးခဲ့ပြီး ကျပ်သိန်းသုံးထောင်ကျော်ဖိုး ခန့် ဆုံးရှုံးခဲ့ရ သည်။

အလားတူ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာရှိ ကားဝပ်ရှော့ကိုလည်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အသက် ၆၀ ကျော်အရွယ် ကားဝပ်ရှော့ပိုင်ရှင်၏ မိခင်နှင့် အလုပ်သမားတစ်ဦး သေဆုံးသွားခဲ့ ကြောင်း အာရက္ခတပ်တော် (AA) က ဩဂုတ်လ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့၊ ည ၉ နာရီခွဲခန့်တွင် အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာရှိ အပြစ်မဲ့ပြည်သူ များ နေထိုင်ရာနေရာသို့ စစ်တပ်၏ လေတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် ညအချိန် ဗုံး ၂ လုံး ကြဲချ တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးသီးများသည် ကျေးရွာအတွင်းရှိ ကိုအောင်ပိုင် မိသားစုပိုင် ကားဝပ်ရှော့ အပါအဝင် အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကိုအောင်ပိုင် မိသားစု နေထိုင်သည့် နေအိမ်နှင့် ကားဝပ်ရှော့ အလုပ်ရုံအဆောင် တို့မှာ လုံးဝ ပျက်စီးသွားခဲ့သည်။

ဗုံးစထိမှန်မှုကြောင့် ကားဝပ်ရှော့ပိုင်ရှင် ကိုအောင်ပိုင်၏ မိခင် ဒေါ်မလေးငယ် (၆၇) နှစ်နှင့် ကားဝပ်ရှော့ အလုပ်သမားဖြစ်သူ မောင်မောင်ဉာဏ် (၂၃) နှစ်တို့နှစ်ဦးမှာ အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကိုအောင်ပိုင်၏ ဇနီး၊ သမီးနှင့် အခြား ကားဝပ်ရှော့ အလုပ်သမားတစ်ဦးဖြစ်သူ မောင်ထွန်းထွန်းဝင်းတို့ အပါအဝင် ၃ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြပြီး ကားဝပ်ရှော့အတွင်း ရှိနေသည့် မော်တော်ယာဉ် ၅ စီးလည်း ပျက်စီးခဲ့ရသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...