အနိုင်ရ NLDပါတီ ကိုယ်စားလှယ်(၃)ဦးကို ပြိုင်ဘက်ပါတီတွေက အမှုဖွင့်

အနိုင်ရ NLDပါတီ ကိုယ်စားလှယ်(၃)ဦးကို ပြိုင်ဘက်ပါတီတွေက အမှုဖွင့်

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအလွန်မှာ အနိုင်ရ NLD ပါတီကိုယ်စားလှယ် (၃)ဦးကို ပြိုင်ဘက်ပါတီတွေက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ အမှုဖွင့်ထားပါတယ်။

ကျိုက်မရော ၊ ပေါင် နဲ့ မော်လမြိုင်မြို့နယ်ကအနိုင်ရ NLD ကိုယ်စားလှယ် (၃) ဦးက ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွေကို မလိုက်နာလို့ဆိုပြီး  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့  မွန်ညီညွတ်ရေးပါတီရဲ့ မဲရုံကိုယ်စားလှယ်တွေက အမှုဖွင့်လှစ်ခဲ့တာပါ။

အမှုဖွင့်ခံရသူတွေမှာဆိုရင် လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ လဝကဝန်ကြီး ဦးထွန်းမင်းအောင်နဲ့ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်တို့လည်း ပါဝင်နေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဖြစ်စဉ်မှာ အဆိုပါ အမှုဖွင့်ခံထားရသူတွေကလွဲရင် အခြား ကြီးကြီးမားမားဖြေရှင်းရတာတွေ မရှိခဲ့ဘူးလို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

“ရွေးကောက်ပွဲအငြင်းပွားမှုကိစ္စနဲ့ ပတ်သက်လို့ဆိုလို့ရှိရင် ပြစ်မှုပြစ်ဒဏ်ဆိုရင် ရွေးကောက်ပွဲပြီး ၁၅ ရက်အထိ နည်းဥပဒေ ၆၅ (က) မှာ ရဲအရေးပိုင်တဲ့အမှုလို့ဆိုထားတယ် ၆၅(ခ) မှာ ရက်သတ်မှတ်ချက်ဖော်ပြထားတယ် ဆိုတော့ အဲဒါတွေလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှာ တိုင်ကြားထားတာရှိတယ်လို့ သိတယ် ကျွန်တော်တို့ဆီတော့ မရောက်ဘူး ဒါကတော့ ရဲအရေးပိုင်တဲ့အမှုနဲ့ သူ့ဟာသူသွားကြတာပေါ့နော်”လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ မွန်ပြည်နယ်အတွင်းမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်းတွေအပါအဝင် နိုင်ငံရေးပါတီ (၁၆)ခုက ကိုယ်စားလှယ်လောင်း (၂၅၇) ဦးက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်တွေအရ ပြည်နယ်အတွင်း မဲဆန္ဒနယ်အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD နဲ့ မွန်ညီညွတ်ရေးပါတီတို့ကသာ အနိုင်ရရှိခဲ့ပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...