အစိုးရသစ်နဲ့ ပညာရေးကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ မွန်အမျိုးသားကျောင်းတွေက မျှော်လင့်

အစိုးရသစ်နဲ့ ပညာရေးကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ မွန်အမျိုးသားကျောင်းတွေက မျှော်လင့်

ရဲနိုင် — ရွေးကောက်ပွဲအလွန်တက်လာမယ့်အစိုးရနဲ့ ပညာရေးကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ မွန်အမျိုးသားကျောင်းတွေက မျှော်လင့်နေကြပါတယ်။

မွန် ၊ ကရင် ၊ တနင်္သာရီ ဒေသတွေမှာ မွန်ဘာသာအခြေပြု သင်ကြားနေတဲ့ မွန်အမျိုးသားကျောင်း (၁၃၃)ကျောင်းရှိပြီး ကျောင်းသူကျောင်းသား (၁၀၀၀၀)ကျော်က နှစ်စဉ်ပညာသင်ကြားနေတာပါ။

နိုင်ငံတကာအလှူရှင်တွေနဲ့ဒေသတွင်းအလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ ရပ်တည်နေရတဲ့ မွန်အမျိုးသားကျောင်းတွေဟာ နှစ်စဉ် ဘဏ္ဍာရေးအခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။

ဒီလိုအခက်အခဲတွေကြောင့် အစိုးရပညာရေးဌာနနဲ့ မွန်အမျိုးသားကျောင်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ လမ်းစဉ်တွေကို ရေးဆွဲနေကြပါတယ်။

အစိုးရပညာရေးဌာနဲ့ မကြာခင်ပြုလုပ်မယ့် အွန်လိုင်းအစည်းအဝေးမှာ လာမယ့် အစိုးရသက်တမ်းမှာလည်း မွန်အမျိုးသားကျောင်းတွေကို ကူညီပေးဖို့ အဆိုပြုသွားမယ်လို့ မွန်ပညာရေးအစီအစဉ်ညှိနှိုင်းရေးမှူး မင်းအောင်ဇေက ပြောပါတယ်။

” မကြာခင် အစိုးရပညာရေးဌာနနဲ့ အွန်လိုင်းကနေ အစည်းအဝေးလုပ်ဖို့ရှိတယ်။ အာ့ဒီမှာ အစိုးရသစ်နဲ့ ပညာရေးကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကျွန်တော် အဆိုပြုသွားမယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အစိုးရပညာရေးဌာနက မွန်အမျိုးသားကျောင်းတွေကို ပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ်တွေကို ထောက်ပံ့ပေးနေပြီး လိုအပ်တဲ့ ဆရာအတတ်သင် သင်တန်းတွေကိုလည်း ပံ့ပိုးပေးနေပါတယ်။

ကျောင်းတွေ ပြန်လည်ပြင်ဆင်တာတွေ ၊ သင်ရိုးညွှန်းတမ်းတွေ ပြင်ဆင်တာတွေအပါအဝင် ဆရာဆရာမတွေရဲ့ လစာအတွက် မွန်အမျိုးသားကျောင်းတွေရဲ့ တစ်နှစ်တာ အသုံးစရိတ်မှာ ကျပ်သန်း (၂၀၀၀)ကျော် ရှိနေပါတယ်။

 

June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...
June 17, 2026
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို...
June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...