မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် ကလေးသူငယ်များ ထိခိုက်သေဆုံးမှုအထဲတွင် ရခိုင်က ၄၇ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ဟု UNICEF ဆို

မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် ကလေးသူငယ်များ ထိခိုက်သေဆုံးမှုအထဲတွင် ရခိုင်က ၄၇ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ဟု UNICEF ဆို

အိမ်စိုးဖြူ — မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် ကလေးသူငယ်များ ထိခိုက်သေဆုံးမှုအထဲတွင် ရခိုင်ပြည်နယ်မှ ၄၇ ရာခိုင်နှုန်းဖြင့် ကလေးသူငယ်များ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်သည်ဟု ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

UNICEF ၏ နိုဝင်ဘာ ၂၃ ရက်နေ့စွဲဖြင့် ရခိုင်ပြည်နယ်တွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကလေးငယ် တစ်ဦးနှင့် ၎င်း၏မိဘများသေဆုံးခဲ့ပြီး အခြားကလေးငယ်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းနှင့် စပ်လျဉ်း၍ ယူနီဆက်မှ ထုတ်ပြန်ကြေညာချက်တွင် ထို်သို့ ဖော်ပြထားခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက် ပစ္စည်းများ UXO များပေါက်ကွဲမှုကြောင့် ကလေး ၅၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ကြောင်းဖော်ပြသည်။

တစ်နိုင်ငံလုံးတွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက် ပစ္စည်းများပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရရှိသူ ၃၅ ရာခိုင်နှုန်းသည် ကလေးများဖြစ်ကြပြီး ရခိုင်ပြည်နယ်သည် ကလေးသူငယ် ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ပြီး စုစုပေါင်း ၄၇ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြသည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ကားဖြင့် မြေမြှုပ်မိုင်းကို ဖြတ်ကျော် မောင်းနှင်မိပြီး ကားပေါက်ကွဲပျက်စီးကာ သေဆုံးခဲ့ရသည့် ဖြစ်ရပ်ကြောင့် ကလေးငယ်တစ်ဦးနှင့် သူ၏မိဘများသေဆုံးပြီး တစ်ခြား ကလေးငယ် လေးဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယူနီဆက် အနေဖြင့် ထိခိုက် နစ်နာခဲ့ရသူများ၏ မိသားစုများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် ပဋိပက္ခအတွင်း ပိတ်မိ နေခဲ့ကြသူ ကလေးငယ်များအားလုံးနှင့် ထပ်တူ စိတ်မကောင်းဖြစ်ရပါကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် ကလေးငယ်သေဆုံး၊ ဒဏ်ရာရမှုများ ကြောက်ခမန်းလိလိ တိုးပွားလာခြင်းနှင့် ပတ်သက်၍ ယူနီဆက်သည် လွန်စွာ စိုးရိမ်ပူပန်မိကြောင်း ဖော်ပြထားသည်။

RFA မှ ကောက်ယူထားသော စာရင်းအရ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၀ နိုဝင်ဘာ ၁၄ ရက်နေ့ထိ စစ်ပွဲကြောင့် သေဆုံးသူပေါင်း ၉၅ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၉၅ ဦးရှိကြောင်း သိရှိရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) ၏ စာရင်းအရ ရခိုင်ပြည်နယ်တွင် ၂ နှစ်တာ တိုက်ပွဲကာလအတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများ ပေါက်ကွဲ၍ သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရသူ ၆၀ ကျော်ရှိကြောင်း ဖော်ပြထားပါသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...