AA အပါအဝင် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် FPNCC တို့၏ သဘောထားထုတ်ပြန်ချက် NLD ကြိုဆို

AA အပါအဝင် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် FPNCC တို့၏ သဘောထားထုတ်ပြန်ချက် NLD ကြိုဆို

အိမ်စိုးဖြူ — ရက္ခိုင်တပ်တော်(AA) အပါအဝင် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် ခုနှစ်ဖွဲ့ FPNCC တို့က သဘောထားထုတ်ပြန်ချက်များအပေါ်တွင် NLD က ကြိ်ုဆိုကြောင်း ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။

“ပြည်တွင်းမှာ ရှိတဲ့ ပြဿနာကို နိုင်ငံရေးအရ အဖြေရှာဖို့ လမ်းစပေါ်လာတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ နောက်ပြီးတော့ ဒီစာမှာပါတဲ့ ကိုယ်စားလှယ်လောင်းသုံးဦးကို နှိပ်စက်ခြင်းမရှိပါဘူး။ အမြန်ဆုံး ပြန်လွှတ် ပေးပါမယ်။ မေတ္တာနဲ့တု့ံပြန်ပါမယ်ဆိုတဲ့ အသုံးအနှုန်းတွေကို  အင်မတန်ကို အင်မတန်ကို ကောင်းမွန်တဲ့ အလားအလာလို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။

နိုဝင်ဘာ ၂ဝ ရက်နေ့က ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင်  ၂ဝ၂ဝ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ တစ်ပြည်လုံး ၈၃ ရာခိုင်နှုန်း အနိုင် ရရှိခဲ့သည့် လူထု ထောက်ခံမှု အောင်ပွဲကို ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ (၂ဝ) ရက်နေ့၌ ပြုလုပ်သည့် မိမိတို့ ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ Online အစည်းအဝေးကြီးမှ အထူးကြိုဆိုပါကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်းပြင် ရက္ခိုင့်တပ်တော် (AA) ၏ ယနေ့ ထုတ်ပြန်ချက်အထဲတွင် (၁)  NLD အစိုးရမှ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထားသော အပြစ်မဲ့ရခိုင်ပြည်သူများ(၂) မရေရာသော စွပ်စွဲချက်များဖြင့် ထောင်သွင်း အကျဉ်းချ ခံနေရသော ရခိုင်ဒေသခံ တိုင်းရင်းသားပြည်သူများနှင့်ရခိုင်နိုင်ငံရေးသမားများ(၃) မတရား ဖမ်းဆီး ထားခြင်းခံနေရသော ULA အဖွဲ့ဝင်များ၏ ဆွေမျိုးရင်းချာများ (၄) ငြိမ်းချမ်းရေးအတွက် တောင်းဆို ဆန္ဒပြ၍ ဖမ်းဆီးခြင်းခံထားရသော မြန်မာပြည်အနှံ့မှ တက္ကသိုလ်ကျောင်းသားများစသည့် ဖမ်းဆီးထားခြင်း ခံရသူများအားလုံးကို လူသားချင်းစာနာစိတ်ဖြင့် ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)မှ အလေးအနက်တောင်းဆိုအပ်ပါသည်ဟု ဖော်ပြထားသည်။

သို့ရာတွင် အေအေ၏ တောင်းဆိုချက်များမှာ အလှဲအလှယ်လုပ်မည်ဆိုသည့် သဘောထား ဖြစ်နေသည့် အတွက် ၄င်းတို့အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်းခံထားရသည့်အဖွဲ့များဖြင့် ဆွေးနွေးခြင်းမျိုး လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ဆက်ပြောသည်။

“အေအေဟာ လက်ရှိအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားခြင်းခံရတဲ့အဖွဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ အဲဒီလိုအဖွဲ့အစည်းတစ်ခုနဲ့စေ့စပ်ညှိနှိုင်းဖို့ရာ ဥပဒေမရှိပါဘူး။ အဲဒီလိုအဖွဲ့စည်းနဲေ့ ပြာဆိုနိုင်တာကတော့ အစိုးရ၊ နောက်ပြီးရင် ငြိမ်းချမး်ရေးအတွက်လုပ်နေတဲ့အဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေသူတွေမှ ပြောဆိုစေ့စပ်ပိုင်ခွင့်ရှိပါတယ်ခင်ဗျာ့” ဟုဆိုသည်။

AA အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းကလွတ်မြောက်အောင် မေတ္တာကို မေတ္တာဖြင့်တုံ့ပြန်ခြင်းကို အရင် ဆောင်ရွက်ပေးမည်ဆိုပါက  အေအေအဖွဲ့၏အဆင့်အတန်းမှာ လက်နက်ကို်င် အဖွဲ့အစည်း အဆင့်အတန်းကို ပြန်ရောက်သွားနိုင်မယ်လို့လည်း ၄င်းက ဆိုသည်။

“အဲဒီလိုကောင်းမွန်တဲ့အခြေနေတစ်ခုကိုရောက်လာမယ်ဆိုရင် အစိုးရကလည်း နိုင်ငံရေးအခြေအနေ ကောင်းမွန်လာဖို့အတွက် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ အချို့သောပြစ်မှုနဲ့ ဖမ်းဆီးထားတဲ့လူတွေကို ပြန်လွှတ်ပေးဖို့ စဉ်စားကောင်း စဉ်းစားနိုင်လာပါတယ်။ မေတ္တာဖြင့် တု့ံပြန်ခြင်းဆိုတာကို လက်တွေ့လုပ်ပြလိုက်ရင် ကောင်းမွန်တဲ့အခြေအနေတစ်ရပ် ဖြစ်လာမယ်လို့ ဆိုလိုချင်တာပါ” ဟုဆက်ပြောသည်။

ယမန်နေ့  ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ဥက္ကဋ္ဌ၊ အထွေထွေ အတွင်ရေးမှူး၊ စစ်ဦးစီးချုပ်တို့က NLD အစိုးရအားကြိုဆိုသည့် သဘောထားများ ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့တွင် AA က အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ထောက်ရှုလျက် မေတ္တာတရားကို မေတ္တာတရားဖြင့် တုံ့ပြန်ရန်အဆင်သင့်ရှိကြောင်း၊ ဖမ်းဆီးထားသည့် တောင်ကုတ် NLD အမတ်လောင်း များကိုလည်း နှစ်ဦးနှစ်ဖက်ညှိနှိုင်းအဆင်ပြေပါက ပြန်လွှတ်ပေးသွားမည်ဟုထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်များအပေါ် NLD ပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က ၄င်းတို့အနေဖြင့်  အေအေ၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် မြောက်ပိုင်း မဟာမိတ် ခုနစ်ဖွဲ့ FPNCC တို့က ရွေးကောက်ပွဲကိုကြိုဆိုကြောင်း ထုတ်ပြန်မှုများအားလှိုက်လှိုက်လှဲလှဲကြိုဆိုသည်ဟု ပြောဆိုခဲ့သည်။

April 20, 2024
(၂၀၂၃ နိုဝင်ဘာလမှ ယခုနှစ် မတ်လအထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၈၈ ကြိမ်ပြုလုပ်ခဲ့၊ ထိုအထဲက...
ဓာတ်ပုံ- Rakhine Thahaya Yangon Page
April 11, 2024
ရန်ကုန်မှ နေရပ်မပြန်နိုင်ကြသော ရခိုင် တက္ကသိုလ်ကျောင်းသားများအား ရခိုင်သဟာယအသင်းက...