အုန်းဖျန်ဒုက္ခသည်စခန်းတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိ၍ စခန်းတစ်ခုလုံး ကန့်သတ်ပိတ်ပင်

အုန်းဖျန်ဒုက္ခသည်စခန်းတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိ၍ စခန်းတစ်ခုလုံး ကန့်သတ်ပိတ်ပင်

စအိုင်ဆူး — ထိုင်း-မြန်မာ နယ်စပ် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် နိုဝင်ဘာ ၁၉ ရက်နေ့ က Covid-19 အတည်ပြုလူနာ တစ်ဦးကို စမ်းသပ်တေ့ွရှိခဲ့သည့်အတွက် လက်ရှိ စခန်း တစ်ခုလုံးတွင် ဝင်ထွက်သွားလာမှုများ ကန့်သတ်ပိတ်ပင် လိုက်သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

အုန်းဖျန် ဒုက္ခသည်စခန်း၏ ရပ်ကွက်(၄)၊ အိမ်နံပါတ် (၈၅)တွင် နေထိုင်နေသူ အသက် ၄၈ နှစ်အရွယ် စောကနဲဆိုသူ အမျိုးသားသည် အပြင်းဖျားပြီး နှာစေးချောင်းဆိုးမှုများ ဖြစ်ပွားခြင်းကြောင့် စခန်းတွင်း ဆေးခန်းသို့ သွားရောက် ပြသရာ တွင် ကျန်းမာရေး တာဝန်ရှိသူများမှ အာခေါင်တို့ဖတ် ရယူစစ်ဆေးရာတွင် ကိုဗစ် Positive ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စခန်း ဥက္ကဋ္ဌ စောထွန်းထွန်းက ပြောသည်။

၎င်းက“သူဖျားတော့ ဆေးခန်းသွားပြတဲ့အခါ သူ့ကို နှာခေါင်းတို့ဖတ်တွေယူစစ်တယ်။ အဲ့ဒါ မနေ့က positive ပေါ်တဲ့အ တွက် သူ့ကို ဖုတ်ဖရတ် ဆေးရုံးကို ခေါ်သွားလိုက်တယ်။ သူ့မိသားစုဝင် ၄ ယောက်ကိုလည်း စခန်းထဲက Quarantine (အသွားအလာကန့်သတ်မှု) ထဲမှာ ထားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခြင်းကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံးကြီးမှ ကျန်းမာရေး တာဝန်ရှိသူများသည် ၎င်း ဒုက္ခသည်စ ခန်းသို့ ယနေ့ (နိုဝင်ဘာ ၂၁ရက်) သွားရောက်၍ လူဦးရေ ၁၀၀ ခန့်ကို နှာခေါင်းတို့ဖတ်ရယူစစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်းလည်း စောထွန်းထွန်းက ဆက်ပြောသည်။

၎င်းကိုဗစ်အတည်ပြုလူနာသည် ဒုက္ခသည်စခန်းပြင်ပသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေသူူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၄ရက်နေ့က စခန်းတွင်းသို့ ပြန်ရောက်လာခဲ့ကာ နေအိမ်တွင်(Stay Home) နေထိုင် ခိုင်းပြီးနောက် ယခုလို ရောဂါကူးစက်ခံရမှု ဖြစ်စဉ်ဖြစ်ပွားခဲ့သလို ၎င်း၏ မိသားစုဝင် ၄ ဦး၏ ဓါတ်ခွဲစစ်ဆေးမှု နမူနာများကို ရယူစစ်ဆေးနေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

ထိုင်းနိုင်ငံအတွင်း ကိုဗစ်ရောဂါ စတင်တွေ့ရှိသည့် ယခုနှစ်ဆန်းပိုင်းမှစ၍ ထိုင်း-မြန်မာနယ်စပ်ရှိ နယ်စပ်ဒုက္ခသည် စခန်း (၉) ခုတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များ ဝင်ထွက်သွားလာမှုများကို ထိုင်းအာဏာပိုင်းများက ကန့်သတ်ပိတ်ပင်ထား သည်။ လတ်တလော အုန်းဖျန်ဒုက္ခသည်စခန်းတစ်ခုလုံးတွင် သွားလာလှုပ်ရှားမှုများ ပိတ်ပင်ထားလိုက်ဖြစ်သလို အခြား ဒုက္ခသည်စခန်းတွင်လည်း အလားတူ ကန့်သတ်ချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ် ထာ့ဆောင်ယန်းမြို့ရှိ မယ်လဒုက္ခသည်စခန်း၏ ဥက္ကဋ္ဌဖြစ်သူ စောအောနက်ကလည်း “ အခု ဒုက္ခ သည်စခန်းမှာတွေ့တော့ ကျနော်တို့အတွက် စိုးရိမ်စရာတစ်ခုဖြစ်စေပါတယ်။ အဲဒါကြောင့် ကျနော်တို့ စခန်းမှာတော့ ဝင်ထွက်သွားလာမှုတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကထက် ပိုမို တင်းကြပ်ထားပါတယ်။ ”ဟု ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်း ကိုဗစ်ကူးစက်ခံရသူ (၄) ဦးထပ်တိုး တွေ့ရှိခဲ့ရာ စုစုပေါင်း ကူးစက်ခံရသူပေါင်း (၃, ၈၉၂)ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ (၃,၇၄၅) ရှိကာ (၆၀) ဦးသေဆုံးခဲ့သည်။ အလားတူ အိမ်နီးချင်း မြန်မာနိုင်ငံ၌လည်း ရွေးကောက်ပွဲအပြီး ကိုဗစ်ကူးစက်ခံရသူ ဦးရေ ထပ်တိုးလာပြီး (၇၆,၄၁၄)ဦး ကူးစက်ခံခဲ့ရာ ကာ (၅၆,၆၀၁)ဦး ပြန်လည် ကောင်းမွန်လာခဲ့ပြီး (၁,၆၉၅)ဦးသေဆုံးသွားပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်သည့် စာရင်းအရ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...