CDF – Hakha ဒုဥက္ကဋ္ဌဟောင်း သေနတ်မှန်ကျဆုံး

CDF – Hakha ဒုဥက္ကဋ္ဌဟောင်း သေနတ်မှန်ကျဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇကျုံးလျန် ( Salai Za Cung Lian ) နဲ့ ဒုဥက္ကဋ္ဌ ဟောင်း ဆလိုင်းဆန်လင်း ( Salai Sang Ling ) တို့ မေလ ၁၅ ရက် စကားများရာကနေ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဆလိုင်းဆန်လင်း ကျဆုံးခဲ့ရတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဆလိုင်းဇကျုံးလျန် ( Salai Za Cung Lian ) နဲ့ ဒုဥက္ကဌ ဟောင်း ဆလိုင်းဆန်လင်း ( Salai Sang Ling) တို့အကြား ပုဂ္ဂိုလ်ရေး အငြင်းပွားရာကနေ ဆလိုင်းဇကျုံးလျန် က စိတ်မထိန်းနိုင်ဘဲ ဆလိုင်းဆန်လင်း ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက “ကျနော်ကြားမိတာက CDF – Hakha ဌာနချုပ်ပြောင်းရွှေ့ဖို့လုပ်ကြတယ်။ အဲဒီမှာ လက်ရှိ GS တာဝန်ယူနေတဲ့ Salai Za Cung Lian ရဲ့ နေအိမ်ကို ၊ အခုမဟုတ်ဘဲ အရင်တာဝန်ထမ်းဆောင်တုန်းက Salai Sang Ling ကနေ ခဲ့တဲ့ အိမ်ပေါ့။ အဲဒီအိမ်ကို Salai Sang Ling က သွားဖြိုတာမျိုးထင်တယ်။ အဲဒီမှာ လက်ရှိ GS တာဝန်ရှိသူလည်းဖြစ်၊ သူနေတဲ့အိမ်လည်း ဖြစ်တော့ ဘာကြောင့် ငါခွင့်ပြုချက်မရဘဲအခုလို လုပ်တာလဲဆိုပြီး စကားများတာထင်တယ်။ အဲဒီမှာ Salai Sang Ling က  Salai Za Cung Lian ကို ပါးရိုက်လိုက်တာ။ တပ်သားတွေရှေ့ ပါးရိုက်တာခံရတဲ့ Salai Za Cung Lian ကလည်း မကျေနပ်ဘဲ Salai Sang Ling ဆီသွားပြီး သေနတ်နဲ့ ငါးချက် ပစ်လိုက်တယ်။ ၃ ချက် ထိမှန်သေဆုံးတယ်လို့ သိရတယ် ။ လက်ရှိ သေဆုံးသွားတဲ့ Salai Sang Ling ရုပ်အလောင်းကို သူကြီးပြင်းခဲ့တဲ့ ရွာမှာ သင်္ဂြိုလ်သွားဖို့ ရှိတယ်လို့ သိရတယ်။ အခင်းဖြစ်ဖြစ်ပြီးပြီးချင်း Wi-fi တွေကိုလည်း ပိတ်ထားတော့ အတွင်းသတင်းကို တာဝန်ရှိသူတွေကလွဲရင် သေချာတော့ မသိနိုင်ဘူးပေါ့” လို့ပြောပါတယ်။

ကျဆုံးသွားတဲ့ ဆလိုင်းဆန်လင်းဟာ CDF – Hakha မှာ အားကိုးအားထားရသူလည်း ဖြစ်ပြီး ရှေ့တန်းစစ်မြေပြင်မှာလည်း တပ်ဖွဲ့ဝင်တွေကို ဦးဆောင်ခဲ့သူတစ်ဦး ဖြစ်တယ်လို့လည်း သိရပြီး ၎င်း ကျဆုံးသွားတဲ့ပေါ် ဝမ်းနည်းကြေကွဲရသလို မဖြစ်သင့်တဲ့ကိစ္စလို့ နီးစပ်တဲ့ တော်လှန်ရေးခေါင်းဆောင်တွေကလည်း ၎င်းတို့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားကြပါတယ်။

ဒီပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ CDF – Hakha ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လင်း ( Salai Sang Ling )  ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရေးယူတာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းက ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...