ကန်ခုနှစ်ဆင့်ရေကန်ကို ရိုးရာအရ ပြန်လည်ဆေးကြော

ကန်ခုနှစ်ဆင့်ရေကန်ကို ရိုးရာအရ ပြန်လည်ဆေးကြော

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို ပြန်လည်ဆေးကြောခြင်း ရိုးရာကို မေလ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ရိုးရာအယူအဆတွေအရ အဆိုပါ ရေကန်ကို အမှားပြုမှုတွေရှိနေပြီး ပြန်လည်ဆေးကြောရခြင်း ဖြစ်တယ်လို့ ကျေးရွာရပ်မိရပ်ဖတဦးက အခုလို ပြောပါတယ်။ 

"အများစုကလည်း ဒီ ကန်မာပဲ ရေလာချိုးကြတယ်။ အသုံးပြုကြတယ်။ ဆိုတော့ ကျနော်တို့ ဒီရေကန်ကို ပစ်မှားတာတွေက အရမ်းများလာတယ်ပေါ့နော်။ ပြန်လည်ဆေးကြောဖို့ လိုတယ်။ ဒါကြောင့် ကလေးမွေးပြီးသား ဝက်မကြီးတကောင်နဲ့ ပြန်လည် ဆေးကြောရခြင်းဖြစ်တယ်" လို့ ကျေးရွာရပ်မိရပ်ဖတဦးက ပြောပါတယ်။

အဆိုပါဝက်မကြီးရဲ့ အသဲကို ကြည့်ပြီးနောက် ဆေးကြောခြင်းအောင်မြင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အစီအစဉ်မှာတော့ အသားတွေကို နတ်ပူဇော်တာတွေ ပြုလုပ်ခဲ့တဲ့အပြင် ကျန်အသားတွေကို ချက်ပြုတ်စားသောက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ 

ကန်ခုနှစ်ဆင့်ရေကန် ဟာ ဒီမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတွေရဲ့ အထွတ်အမြတ်ထားပြီး အသုံးပြုကြတဲ့ ရေကန်တခုလည်း  ဖြစ်ပါတယ်။ 

အဆိုပါ ရေကန်ဟာ ယခင် စစ်တပ်အာဏာမသိမ်းမှာတော့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်လေ့ရှိပြီး စည်ကားခဲ့တဲ့ ဒေသတွင်း အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။ 

ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...
Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...