ရွေးကောက်ပွဲကော်မရှင်အား မကျေနပ်၍ မြဝတီမြို့နယ် USDP ပါတီဝင် ၁၀၀ ခန့် ဆန္ဒထုတ်ဖော်

ရွေးကောက်ပွဲကော်မရှင်အား မကျေနပ်၍ မြဝတီမြို့နယ် USDP ပါတီဝင် ၁၀၀ ခန့် ဆန္ဒထုတ်ဖော်

နေနော် — ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်အပေါ် ကျေနပ်မှုမရှိ၍ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၁၀ နာရီအချိန်ခန့်က ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး -USDP ပါတီရုံး၌ လူအင်အား ၁၀၀ ခန့်မှ ကြွေးကြော်သံ ၆ ရပ်ဖြင့် ဆန္ဒထုတ်ဖော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ် USDP ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ချင်းက  “ကျနော်တို့ ဒီနေ့ မနက်ပိုင်းက ပါတီရုံးမှာ ရွေးကောက်ပွဲ ကာလတွင် မဲရုံမှူးတာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ပါတီဝင် ၁၈ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်တဲ့ အခမ်းအနား ပြုလုပ်တာပါ။ အခမ်းအနားပြုလုပ်မှု အပြီးမှာတော့ ရောက်ရှိလာကြတဲ့ ပါတီဝန်းရံသူများက အခုလို ဆန္ဒဖော် ထုတ်ကြတာပါ”ဟု ပြောသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် တစ်နိုင်ငံလုံးရှိမဲမသမာမှုများအား ဝိုင်းဝန်း စိစစ်ဖော်ထုတ်ပေးရေး၊  တာဝန်ယူမှု တာဝန်ခံမှုနှင့်တရားမျှတမှုမရှိသော ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်းရေး၊ ဥပဒေနှင့် မညီသောရွေးကောက်ပွဲ ရလဒ် အလိုမရှိ၊ မသမာသောနည်းလမ်းဖြင့် အာဏာယူရန် ကြိုးစားသောအစိုးရအား ဆန့်ကျင်ကြ၊ ရွေး ကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများအား ဆန့်ကျင်ကြ စသည့် ကြွေးကြော်သံ ၆ ရပ်အား ပိုစတာများ ကိုင်ဆောင်၍ ၅ မိနစ်ခန့်အကြာ ကြွေးကြော်ခဲ့ပြီး ဆန္ဒဖော်ထုတ်ပွဲအား ရုပ်သိမ်းခဲ့ကြသည်။

ရွေးကောက်ပွဲကာလအတွင်း မဲမသမာမှုများနှင့် ဥပဒေစည်းကမ်းချိုးဖောက်မှုများအား မြို့နယ် USDP ပါတီ အနေဖြင့် ခရိုင်ကော်မရှင်သို့ တိုင်ကြားစာ အစောင် ၂၀ ကျော်ပေးပို့ထားကြောင်း၊ ရွေးကောက်ပွဲနေ့တွင် ဖြစ်ပွားခဲ့သည့် မဲရုံပရဝုဏ် ကိုက် ၅၀၀ အတွင်း မဲဆွယ်စည်းရုံးသည့်ပုံစံဖြင့် မဲစလစ်များကို ထုတ်ပေးခဲ့တဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး NLD ပါတီဝင်တစ်ချို့ကို မြဝတီမြို့မရဲစခန်း၏ (ပ)၅၅၅ /၅၅၆ / ၂၀၂၀ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉ တို့ဖြင့် အမှုဖွင့်ထားကြောင်းနှင့် မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်း ကန့်ကွက် လွှာများလည်း ကော်မရှင်သို့ တင်ထားပြီးဖြစ်ကြောင်း မြဝတီမြို့နယ် USDP ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ချင်းက ဆက်ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံ ရေးပါတီ ၆ ပါတီမှ ကိုယ်စားလှယ်လောင်း ၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်မြေ အသီးသီး၌ NLD ပါတီမှ ပြိုင်ဘက် USDP ပါတီအား မဲကွာဟမှုများစွာဖြင့် အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...