မြဝတီခရိုင်ဆေးရုံအုပ်ဆရာဝန်ကြီးနှင့် ဆရာဝန်တစ်ဦးတို့ထံ ကိုဗစ်ပိုးတွေ့

မြဝတီခရိုင်ဆေးရုံအုပ်ဆရာဝန်ကြီးနှင့် ဆရာဝန်တစ်ဦးတို့ထံ ကိုဗစ်ပိုးတွေ့

နေနော် — ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ် ဆရာဝန်ကြီးနှင့် ဆရာဝန်တစ်ဦးတို့ထံမှ Covid- 19 ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့က မြဝတီခရိုင်ဆေးရုံ၏ ကျန်းမာရေးစစ်ဆေးမှုအရ ခရိုင်ဆေးရုံအုပ်နှင့် ဆရာဝန်တစ်ဦးတို့မှာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့သည်ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်က အတည်ပြုပြောသည်။

“ယခင် test kits နဲ့ စစ်တာက ၃ ရက်လောက်တော့ရှိပြီး ရောဂါလက္ခဏာ မတွေ့ရဘူး။ မနေ့က ခရိုင်ဆေးရုံအုပ် ဆရာဝန်ကြီးက ကြွက်သားတွေနာလို့် မြဝတီခရိုင်ဆေးရုံရဲ့ ကိုဗစ်စစ်ဆေးစက်ဖြင့် ထပ်မံစစ်ဆေးရာမှာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့တာပါ။ ”ဟု ခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။

ထို့အပြင် ခရိုင်ဆေးရုံအုပ်နှင့် ထိတွေ့မှုရှိခဲ့သော ဆေးရုံးဝန်ထမ်းများနှင့် contact Persons (ထိတွေ့သူ) များကို ဆက်လက်စစ်ဆေးခဲ့ရာတွင် ဆေးရုံအုပ်နှင့် အနီးကပ် ထိတွေ့မှုရှိခဲ့သော ဆရာဝန်တစ်ဦးမှာ ထပ်မံ၍ ကိုဗစ်ပိုးတွေ့ရှိပြီး ကျန်သူများမှာတော့ ကိုဗစ်ပိုး မတွေ့ရှိကြောင်း ဦးတေဇာအောင်က ဆက်ပြောသည်။

အထက်ပါ မြဝတီခရိုင်ဆေးရုံအုပ်နှင့် ဆရာဝန်တစ်ဦးတို့ထံ Covid- 19 ရောဂါပိုးတွေ့ရှိမှု အခြေအနေနှင့်ပတ်သက်၍ အမျိုးသားကျန်းမာရေးဌာန ဗဟိုဓာတ်ခွဲခန်း(NHL)မှ အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးပါ။

လက်ရှိ မြဝတီမြို့တွင် NHL မှ အတည်ပြုထုတ်ပြန်ချက်အရ covid-19 ပိုးတွေ့လူနာ ၁၃၆ ဦးရှိသည့်အနက် ၁ ဦးသေဆုံးကာ ပြန်လည်သက်သာလာသူ ၁၁၂ ဦးရှိပြီး ဆေးကုသမှုခံယူနေသူ ၂၃ ဦးရှိကြောင်း သိရသည်။

ကရင်ပြည်နယ်တစ်ခုလုံးအနေဖြင့် ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၅၄၇ ဦးရှိပြီး ပြန်လည်ကောင်းမွန် လာသူ  ၃၀၉  ဦး ၊ သေဆုံးသူ (၅) ဦးရှိသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ယမန်နေ့ (နိုဝင်ဘာ ၁၈ရက်) ထုတ်ပြန်ချက်အရ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...