ကော့ကရိတ်နှင့် ကျုံဒိုးဆေးရုံတွင် ကိုဗစ်လူနာထားရန် အဆောင်ထပ်တိုးချဲ့

ကော့ကရိတ်နှင့် ကျုံဒိုးဆေးရုံတွင် ကိုဗစ်လူနာထားရန် အဆောင်ထပ်တိုးချဲ့

နန်းဝေဖြိုးဇာ — ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာများ ယခုထက်ထပ်များလာပါက နေရာ အခက် အခဲရှိနိုင်သည့်အတွက် လက်ရှိ ကော့ကရိတ်နှင့် ကျုံဒိုးတွင် ကိုဗစ်လူနာထားရှိရန် အဆောင်ထပ်မံတိုးချဲ့မှုများ လုပ်ဆောင်ထားလျက်ရှိသည်ဟု သိရသည်။

လက်ရှိ ကော့ကရိတ်မြို့တွင် ကိုဗစ်လူနာထားရှိရန် ကော့ကရိတ်မြို့အပြင်ဘက် ကမ္မရာနေရာ မွေးကုစစ်ဆေး ရေးရုံးတွင် လူနာအယောက် ၂၀ စာဆံ့သည့် နေရာတစ်ခု စီစဉ်ထားနေပြီးဖြစ်သလို ကျုံဒိုးမြို့ အထကကျောင်း တွင်လည်း ပိုးတွေ့လူနာ ၃၀ ဦးစာထားရှိရန်အတွက် ဆောက်လုပ်နေပြီဟု ကော့ကရိတ်ခရိုင် ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာကျော်ထက်ဦးက ကေအိုင်စီသို့ ပြောသည်။

 “ကျုံဒိုးနဲ့ ကော့ဘိန်းကိုဗစ်လူနာတချို့လည်း ကော့ကရိတ်ဆေးရုံမှာရှိတယ်။ ကော့ကရိတ်မှာက အယောက် ၂၀ စာထားဖို့အတွက် နေရာရှိတယ်။ အခုတော့ လူနာက ၁၀ ယောက်ရှိတာပေါ့၊ ရုတ်တရက် အဲဒီထက် ထပ်များလာရင် ထားဖို့ နေရာထပ်ဆောက်ထားတယ်။ ကျုံဒိုးမှာလည်း ထပ်ဆောက်နေပြီးပေါ့၊ ပြီးတော့ ကော့ဘိန်းမှာလည်း ထပ်ဆောက်ဖို့ စီစဉ်နေတယ်။ အခုက ကျနော်တို့သွားကြည့်တုန်းပဲ။ နေရာရရင်တော့ ဆောက်မယ်” ဟု ဒေါက်တာကျော်ထက်ဦးက ပြောသည်။

ယခု ကျုံဒိုးနှင့် ကော့ဘိန်းရှိ ရောဂါပိုးတွေ့ရှိသည့် သက်ကြီးရွယ်အိုလူနာအချို့တွင် ကော့ကရိတ်မြို့ ပြည် သူ့ဆေးရုံသို့ လွှဲပြောင်းကုသပေးမှုရှိသလို ကော့ကရိတ်ဆေးရုံတွင် ၁၀ဦး၊ ကျုံဒိုးတိုက်နယ်ဆေးရုံတွင် ၁၃ဦး၊ ကော့ဘိန်းတိုက်နယ်ဆေးရုံတွင် ၂၈ဦး ကုသပေးနေကြောင်းလည်း ကော့ကရိတ်ခရိုင် ကျန်းမာရေးဦးစီးဌာန ထံမှ သိရသည်။

ထို့အပြင် ကျုံဒိုးမြို့တွင် ကိုဗစ်ရောဂါကူးစက်သူထဲမှ ၁၉ ဦးတွင် ခရီးသွားရာဇဝင်မရှိဘဲ နေအိမ်နှင့်ဆိုင်တွင် အ ရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေစဉ် ရောဂါပိုးကူးစက်ခံရသည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ ပူးပေါင်းလိုက်နာရန်လိုအပ်နေပြီးဖြစ်သလို စည်းကမ်းလိုက်နာမှုအားနည်းပြီး ရောဂါဖြစ် ပွားမှု ပိုမိုများလာမည်ဆိုပါက Stay at Home ဒေသအဖြစ် သတ်မှတ်ကြေညာခြင်းခံရမည်ဖြစ်ကြောင်းလည်း ကော့ကရိတ်မြို့ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ စောင့်ကြည့်ရေးကော်မတီမှ ကျုံဒိုးမြို့နေပြည်သူများအတွက် နိုဝင်ဘာ ၁၇ရက်နေ့တွင် အသိပေးစာ ထုတ်ပြန်ထားသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ ဆက်စပ်မှုရှိခဲ့သူများကိုလည်း စုံစမ်းရှာဖွေဖော်ထုတ်ကာ အသွား အလာကန့်သတ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းကူညီသတင်းပေးဆောင်ရွက်ရန်လည်း ယင်းကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ စောင့်ကြည့်ရေးကော်မတီက ဆက်လက်တိုက်တွန်းထားသည်။

ကရင်ပြည်နယ် တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ နိုဝင်ဘာ ၁၇ ရက်နေ့ ညထုတ်ပြန်ထားသည့်စာရင်းအရ လက်ရှိ ပြည်နယ်ထဲတွင် ဆေးရုံတက်နေရဆဲ ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၁၄၇ ဦးရှိအနက် ဖားအံနှင့် ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်ပိုးလူနာ အများဆုံးတွေ့ရှိရသည်ဟု သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...