ရာမောင်တံတားအောက်မှစစ်ဆေးငွေကောက်နေမှု အထက်အရာရှိများတားမြစ်စေလိုဟုဆို

ရာမောင်တံတားအောက်မှစစ်ဆေးငွေကောက်နေမှု အထက်အရာရှိများတားမြစ်စေလိုဟုဆို

ခိုင်လူလှ - ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအောက်မှ တပ်မတော်သားအချို့မှ ရာမောင်မြစ်အတိုင်း စျေးသွားစျေးဝယ်စက်လှေများအား စစ်ဆေးပြီး ငွေကြေးများ ကောက်ခံနေသဖြင့် သက်ဆိုင်ရာ အထက်လူကြီးများမှ တားမြစ်ပေးစေလိုသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ နံနက်က မင်းပြားမြို့နယ် တံခွန်တိုင်ကျေးရွာ ဦးမောင်လုံးထံမှ အမဲသား တစ်ပိဿာနှင့် ငွေကျပ် ၅ သောင်း ကောက်ယူထားလိုက်သည်ဟု ကာယကံရှင် ဦးမောင်လုံးက ပြောကြားသည်။

“ ကျွန်တော်တို့ရွာက ထွက်တာ မနက် ၇ နာရီမှာ စက်လှေနဲ့ မင်းပြားကို စထွက်ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးဆီက စျေးဝယ်ထောက်ခံစာ၊ မှတ်ပုံတင်တွေ အကုန်လုံးပါတယ်။ မနက် ၇ နာရီခွဲမှာ ရာမောင်တံတားထိပ်က စစ်ဆေးရေးဂိတ်က စစ်သားသုံးယောက်မှ မှတ်ပုံတင်တွေကို သိမ်းထားလိုက်ပါတယ်။ ပီးရင် မင်းပြားက အမဲသား တစ်ပိဿာဝယ်လာဖို့ ပြောပါတယ်။ ကျွန်တော်တို့ နေ့လယ် ၁ နာရီလောက်မှာ ပြန်လာတော့ အမဲသားတစ်ပိသာအပြင် ငွေ ၅ သောင်းကျပ် တောင်းယူထားလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ မှတ်ပုံတင်တွေကို ပြန်ပေးလိုက်ပါတယ်” ဟု ဦးမောင်လုံးက ပြောကြားသည်။  

စက်လှေပေါ်တွင် မခင်မေသန်း၊ မကျင်စိန်၊ မဖြူဖြူသန်းတို့ သုံးယောက်ပါကြောင်း၊ ယနေ့ မင်းဖူးမှ စက်လှေကိုလည်း တစ်သောင်း ကောက်ယူကြောင်း၊ ယခုကဲ့သို့ ကောက်ယူနေမှုကို မပြောချင်သော်လည်း လုပ်စား၍ မရအောင်ထိ ဖြစ်နေသဖြင့် ပြောဆိုရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော့်ဆီက မနေ့ကလည်း သုံးထောင်ကောက်ပါတယ်။ သုံးထောင်ဆိုတော့ ခံသာပါသေးတယ်။ ဒီနေ့ ၅ သောင်းဆိုတော့ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ ဒီနေ့ ရွာဘုန်းတော်ကြီးကျောင်းအတွက် တင်လာတဲ့ ဘိလပ်မြေအိတ်တွေကို မြင်တော့ ဒဏ်တပ်တယ်ဆိုပြီး ငါးသောင်း ကောက်တာပါ။ မရှိဆင်းရဲလို့ လုပ်စားနေတာ ခုလို ကောက်နေတော့ ကျွန်တော်တို့ ဘယ်လိုမှ မတတ်နိုင်ဘဲ ဖြစ်နေပါတယ်။ အထက်အရာရှိတွေ တားမြစ်ပေးစေလိုပါတယ်” ဟု ပြောကြားသည်။

၎င်းစစ်သားများမှာ ဖားပြိုရွာ အရှေ့ဘက်ရှိတောင်ကုန်းတွင် နေရာယူထားသည့် စခန်းမှ ဖြစ်သည်ဟု ပြောဆိုသည်။

ဦးမောင်လုံး စက်လှေနှင့် အတူ လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးက “ ကျွန်မတို့ဆီက ကောက်တာမဟုတ်ပါ။ စက်လှေပိုင်ရှင်ဆီက ကောက်တာပါ။ စစ်သားသုံးယောက်က ဒီလို ကောက်ယူတာပါ”ဟု ပြောကြားသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ ပြည်သူတွေ ငြိမ်းချမ်းရေးအတွက် အကောင်းဖက်ကို မျှော်လင့်နေချိန်မှာ ဒါမျိုးတွေပြုလုပ်နေတာကို တားမြစ်သင့်ပါတယ်။ ကျွန်တော့်ဆီကိုလည်း တိုင်တာတွေ မကြာခဏရှိနေပါတယ်။ စျေးဆိုင်ပစ္စည်းတွေဆီကလည်း ပိုက်ဆံ ကောက်တယ်။ ဝါးဖောင်တွေဆီကလည်း ကောက်တယ်ဆိုပြီး မကြာခဏ ကောက်တယ်ဆိုပြီး တိုင်ပါတယ်။ သစ်တောက ကောက်တာထက် များတယ်လို့ ပြောတယ်။ ဒီအချိန်မှာ ဒါမျိုးတွေ မလုပ်သင့်တော့ပါဘူး” ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်တာဝန်ရှိသူများသို့ ဆက်သွယ်မရရှိသဖြင့် တပ်ကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...