ဧရာဝတီကရင်ရေးရာအတွက် NLDမှ ဂါ့မိုးမြတ်မြတ်သူ ခိုင်လုံမဲ ၄သိန်း ၆သောင်းကျော်ဖြင့် အနိုင်ရရှိ

ဧရာဝတီကရင်ရေးရာအတွက် NLDမှ ဂါ့မိုးမြတ်မြတ်သူ ခိုင်လုံမဲ ၄သိန်း ၆သောင်းကျော်ဖြင့် အနိုင်ရရှိ

စဖန်းရှောင်း — ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် NLDမှ ဂါ့မိုးမြတ်မြတ်သူသည် မဲရလဒ် ၄၆၀,၃၅၉ မဲဖြင့် ခိုင်လုံမဲ အများဆုံးရရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဧရာဝတီတိုင်းဒေသ ကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေငြာလိုက်သည်။

ဂါ့မိုးမြတ်မြတ်သူမှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး ဧရာဝတီတိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည့်အပြင် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရရှိသဖြင့် ဒုတိယ အကြိမ်မြောက် ကရင်ရေးရာဝန်ကြီးအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ရမည်လည်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ သတင်းထုတ်ပြန်ချက်အရ ၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော်၊ ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁,၀၂၉,၆၈၉) ဦးရှိသည့် အနက် မဲလာရောက်ပေးသူ (၇၇၃,၃၁၂ )ဦးရှိပြီး ခိုင်လုံမဲ( ၇၃၈,၄၃၇ )မဲရရှိသည်ဟု ထုတ်ပြန်ထားသည်။

ထိုအထဲမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ကိုယ်စားပြု ဂါ့မိုးမြတ်မြတ်သူမှာ ယခုရွေးကောက်ပွဲတွင် ခိုင်လုံမဲ အများ  ဆုံးဖြစ်သည့် (၄၆၀,၃၅၉) မဲ၊ ရာခိုင်နှုန်းအားဖြင့် ၆၂.၃၄ ရာခိုင်နှုန်းရရှိပြီး USDP မှ စောလင်းခယ်မှာ (၁၅၇၆၈၂ )မဲ၊ ၂၁.၃၅ ရာခိုင်နှုန်းဖြင့် ဒုတိယမဲအများဆုံးရရှိသည်ဟုသိရသည်။

၎င်းအပြင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြသည့် ကရင်ပြည်သူ့ပါတီ -KPP မှ နမ့်ခင်အေးဦးမှာ မဲအရေအတွက် (၇၉,၃၀၆ )မဲ၊ ၁၀.၇၄ ရာ ခိုင်နှုန်း၊ ကရင်အ မျိုးသားပါတီ -KNP မှ မန်းမင်းရဲထွေးမှာ (၂၈,၆၉၇ )မဲ၊ ၃.၈၉ ရာခိုင်နှုန်းနှင့် UBP ပါတီမှ စောအယ်လေးမူးမှာ (၁၂,၃၉၃)မဲ၊ ၁.၆၈ ရာခိုင်နှုန်းအသီးသီးရရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ကရင်တိုင်းရင်းသားလူမျိုး မဲ ဆန္ဒနယ်အတွက် မဲပေးသူဦးရေ (၇၂၄,၅၄၇ )ဦးရှိပြီး ခိုင်လုံမဲ ၆၈၇,၉၃၆ ရရှိကာ ထိုအထဲမှ ဂါ့မိုးမြတ်မြတ်သူမှာ ခိုင်လုံမဲအများဆုံးဖြစ်သည့် ၃၅၉,၆၀၉ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

 

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...