ကြာအင်းဆိပ်ကြီးရှိ မဲရုံတစ်ခုတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅ဝဝ ကျော် ရှိသော်လည်း မဲလာထည့်သူတစ်ဦးမျှ မရှိခဲ့

ကြာအင်းဆိပ်ကြီးရှိ မဲရုံတစ်ခုတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅ဝဝ ကျော် ရှိသော်လည်း မဲလာထည့်သူတစ်ဦးမျှ မရှိခဲ့

စောမြတ်ဦးသာ — ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် ပါဝင်သည့် တောင်ကလေးကျေးရွာအုပ်စုတွင် ဆန္ဒမဲလာ ထည့်သူ အနည်းငယ်သာရှိပြီး တောင်ကလေးမဲရုံ ၃တွင် မဲလာထည့်သူ တစ်ဦးတစ်ယောက်မျှမရှိခဲ့ဟု မဲရုံတာဝန်ရှိသူများထံမှ သိရသည်။

ကျိုက်ဒုံ၊ အဇင်းဒေသဘက် ထိစပ်လျက်ရှိသည့် တောင်ကလေးကျေးရွာအုပ်စုသည် ကရင်တိုင်းရင်းသားအများစုသာနေ ထိုင်ကြပြီး ကွီလုံးတိုင်၊ သပြု၊ ထီးတပလုခီး၊ လော်ပခီး၊ ဒူးပေါ်၊ တောင်ကလေး၊ ရွာကတော်၊ မော်တလွှာ၊ ကရကျသဲရွာ အပါအဝင် ရွာပေါင်း ၂ဝ ဝန်းကျင်ရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ ၁,ဝဝဝ ကျော်ရှိခဲ့သည်။ ၎င်းတို့ကျေးရွာအများစုမှာ မဲရုံတည်ရှိ သည့်နေရာနှင့် အလှမ်းဝေးသည့်အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသောကြောင့် အများစုမဲလာထည့်နိုင်ခြင်းမရှိခဲ့ဟု ဒေသတာဝန်ရှိသူများက ပြောသည်။

တောင်ကလေးကျေးရွာအုပ်စု မဲရုံမှူး စောလင်းထူးက “ကျနော်တို့မဲရုံ ၃ မှာ မဲပေးခွင့်ရှိသူ ၅၂၅ ယောက်ရှိတယ်။ နိုဝင်ဘာ ၄ ရက်မှာ ကြိုတင်မဲ ၁ မဲပဲရတယ်။ အဲဒီမဲကလည်း ဒီမှာမဲရုံတာဝန်ကျသူတစ်ဦးက ထည့်တဲ့မဲပါ။ ရွာသားတွေ တစ်ယောက်မှ မဲလာ ထည့်တာ မရှိဘူး။ သူတို့ရွာနဲ့ ဝေးတာလည်းပါမယ်၊ လမ်းပန်းခရီးဆက်သွယ်ရေး မကောင်းတာလည်းပါမယ်”ဟု ယနေ့ (နိုဝင် ဘာ ၁၁ ရက်)တွင် ကေအိုင်စီသို့ ပြောသည်။

၎င်းကျေးရွာအုပ်စုများတွင် မဲရုံ ၃ ရုံထားရှိပြီး မဲရုံ ၁ တွင် ဆန္ဒမဲလာထည့်သူ ၁ဝဝ ကျော်၊ မဲရုံ ၂ တွင် ၂ဝ ကျော်နှင့် မဲရုံ ၃ တွင် တာဝန်ကျဝန်ထမ်းတစ်ဦး၏ ကြိုတင်မဲ ၁ မဲသာ ရရှိပြီး ကျေးရွာပေါင်း ၂ဝ ဝန်းကျင်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁,ဝဝဝ ကျော်ရှိသော် လည်း ဆန္ဒမဲလာထည့်ဦးရေ ၂ဝဝ ကျော်သာရှိခဲ့သည်။ လျှို့ဝှက်ဆန္ဒမဲအများစုမှာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ -KNDP၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း စောယှာဝေါ်မင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) လွှတ်တော် ကိုယ်စားလောင်းများကို အများစု မဲထည့်ခဲ့ကြသည်ဟု မဲရုံတာဝန်သူထံမှ သိရသည်။

ကျေးရွာပေါင်း ၂ဝ ဝန်းကျင်ဖြင့် ဖွဲ့စည်းထားသော တောင်ကလေးကျေးရွာအုပ်စုသည် ပြီးခဲ့သည့် ၂ဝ၁ဝ၊ ၂ဝ၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲတွင် တစ်ကြိမ်တစ်ခါမျှ ရွေးကောက်ပွဲ ကျင်းပခဲ့နိုင်ခြင်းမရှိဘဲ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပသွားသည့် ရွေးကောက်ပွဲတွင်သာ ပထမဦးဆုံးအကြိမ် ဆန္ဒမဲထည့်ခွင့်ရခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နိုင်ငံရေးပါတီ ၅ ပါတီမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒနယ် (၁) နှင့် မဲဆန္ဒနယ် (၂) နေရာစလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) လွှတ်တော်ကိုယ်စားလောင်းများက မဲအသာစီးဖြင့် အနိုင်ရရှိ သည်ဟု နိုင်ငံရေးပါတီတာဝန်ရှိသူထံမှ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...