ကချင်စာပေနှင့်ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ချုပ်မှ ရခိုင်စစ်ဘေးရှောင်များအတွက် ငွေကျပ် ၂၅ သိန်းလှူဒါန်း

ကချင်စာပေနှင့်ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ချုပ်မှ ရခိုင်စစ်ဘေးရှောင်များအတွက် ငွေကျပ် ၂၅ သိန်းလှူဒါန်း

အိမ်စိုးဖြူ — ရခိုင်စစ်ဘေးရှောင်များကို ကိုယ်ချင်းစာနာမိ၍ ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ချုပ်မှ ရခိုင် စစ်ဘေးရှောင်များအတွက် ငွေကျပ် ၂၅ သိန်းကို မေယုဒေသ ပရဟိတအဖွဲ့မှတဆင့် နိုဝင်ဘာ ၁ဝ ရက်နေ့က ထောက်ပံ့လှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။

ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ အတွင်းရေးမှူး ဖြစ်သူဒေါ်ထုနန်က“ ကျွန်မတို့ ကချင်တွေဟာ စစ်ဘေးရှောင်ဘဝနဲ့ အများကြီးဖြတ်သန်းခဲ့ကြရတယ်။ ဒါတွေကြောင့် ကျွန်မတို့ ခံစားဖူးတဲ့အတွက် ရခိုင်မှာ ဖြစ်နေတာတွေကို ကိုယ်ချင်းစာနာမိလို့ပါ။ ကျွန်မတို့အမျိုးသမီးတွေမှာ ပိုပြီးခံစားကြရပါတယ်။ ဒါကြောင့် သူတို့နဲ့ ကျွန်မတို့အမြဲတမ်းအတူရှိနေမှာပါလို့ပြောချင်တယ်။ ရှေ့လျှောက်လည်း အများကြီးကူညီနိုင်အောင် ကြိုးစားနေပါတယ်လို့။ ရခိုင်စစ်ဘေးသင့် ပြည်သူတွေနဲ့ အဲဒီမှာရှိနေတဲ့ အမျိုးသမီးတွေကလည်းအားလုံး ခံနိုင်ရည်ရှိအောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်” ဟုပြောသည်။

ကိုဗစ်ကာလတွင် အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေကြရသည့် ရခိုင်စစ်ဘေးရှောင်အမျိုးသမီးများ၊ သက်ကြီး ရွယ်အိုများနှင့် ကလေးသူငယ်များကို ပို၍ ကိုယ်ချင်းစာနာမိကြောင်း၊ သို့အတွက်  ယခုကဲ့သို့ စုပေါင်း ကောက်ခံလှူဒါန်းလိုက်ခြင်းဖြစ်ကြောင်း၊ ရခိုင်စစ်ဘေးသင့်များသို့ ယခုကဲ့သို့ လှူဒါန်းရသည့်အတွက် ဝမ်းသာကြောင်းသူမကပြောသည်။

မေယုဒေသ ပရဟိတအဖွဲ့မှ ၄င်းအလှူငွေများအားလက်ခံရရှိပြီး စစ်ဘေးရှောင်အများအတွက် အထွေထွေ စားနပ်ရိက္ခာလှူဒါန်းသွားမည်ဟု ၄င်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုမေယုထွန်းကပြောသည်။

“ ငွေကျပ် နှစ်ဆယ့်ငါးသိန်းလှူတာပါ။ ရခိုင် စစ်ဘေးရှောင်တွေ အခက်အခဲတွေ ဖြစ်နေကြတယ်ကြားလို့ အခုလိုဖြစ်နေတာကို သူတို့ စိတ်မကောင်းခံစားနေကြရတဲ့အတွက် လှူဒါန်းကြတာလို့ ဆိုပါတယ်။ ကျွန်တော်တို့ကလည်း ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ အခုလိုလှူဒါန်းပေးတဲ့ အတွက်ပေါ့” ဟုပြောသည်။

၄င်းတို့ အမျိုးသမီးအဖွဲ့မှာရှမ်းပြည်နယ်တွင် အခြေစိုက်သည့် ကချင်အမျိုးသမီးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...