ကရင်ပြည်နယ် မွန်ဝန်ကြီးနေရာ မွန်ညီညွတ်ရေးပါတီမှ ပြိုင်ဘက်ကို မဲ ၈၀၀၀ သာနေ

ကရင်ပြည်နယ် မွန်ဝန်ကြီးနေရာ မွန်ညီညွတ်ရေးပါတီမှ ပြိုင်ဘက်ကို မဲ ၈၀၀၀ သာနေ

စောရှား — ကရင်ပြည်နယ်၌ မွန်တိုင်းရင်းသားရေးရာနေရာကို ဝင်ရောက်အရွေးခံသည့် MUP-မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် လောင်း မင်းထွန်းလွင်က ပြိုင်ဘက် NLD-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း နိုင်ထွန်းချစ်ကို မဲ ၈ထောင်ဝန်းကျင်ဖြင့် အသာရနေကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ တရားဝင် ထုတ်ပြန်ခြင်း မရရှိသေးသောကြောင့် အတည်ပြုပြောဆိုရန် လိုအပ်နေသေးကြောင်း MUP ၏ မွန်တိုင်းရင်းသား ကိုယ်စားလှယ်လောင်း မင်းထွန်းလွင်က ယနေ့(နိုဝင်ဘာ ၁၁ရက် နေ့)တွင် ကေအိုင်စီသို့ ပြောသည်။

မင်းထွန်းလွင်က “UEC အတည်မပြုမချင်းက ပြောလို့မရသေးဘူး။ ခန့်မှန်းချေ မဲရလဒ်ကတော့ ကျနော့်အနေနဲ့ မဲ ၈ ထောင်လောက် ပြိုင်ဘက်နဲ့ အသာရထားတယ်။ ကျနော်နဲ့ ပြိုင်တဲ့ ကျနော် အပါအဝင် ၇ယောက်ဟာဆိုရင် ပြိုင်ဘက် အနေနဲ့ မဟုတ်ဘဲ တိုင်းရင်းသားတွေအတွက် လက်တွဲပြီး လုပ်ဆောင်တဲ့သူလို့ မြင်ပါတယ်။”ဟု ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်၊ မွန်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ပါက MUP ၏ ပါတီမူဝါဒအတိုင်း ဖက်ဒရယ် ပြည်ထောင်စုကိုသွားသည့်အခါ ဝိုင်းဝန်းပံ့ပိုးကူညီသွားမည့်အပြင် တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေး၊ လုံခြုံရေး များကိုလည်း ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းထွန်းလွင်က ဆက်ပြောသည်။

NLD(ကရင်ပြည်နယ်)၏ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ကရင်ပြည်နယ်၏ မွန်ဝန်ကြီးနေရာအတွက် MUP မှ မင်းထွန်းလွင်၊ ပအိုဝ်းဝန်ကြီးနေရာအတွက် NLD မှ ခွန်မျိုးတင့်၊ ဗမာဝန်ကြီးနေရာအတွက် NLD မှ ဦးတင်ဝင်းတို့ ရရှိ သွားကြောင်း ယမန်နေ့က ဖော်ပြထားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၏ တိုင်းရင်းသားလူမျိုးရေးရာ သုံးနေရာစလုံးကို NLD ပါတီမှ အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားရေးရာ၌ မွန်ဒေသလုံးဆိုင်ရာပါတီ၊ ပအိုဝ်းတိုင်းရင်းသားရေးရာ၌ တစ်သီး ပုဂ္ဂလနှင့် ဗမာတိုင်းရင်းသားရေးရာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ အနိုင်ရရှိခဲ့သည်ဟု သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...