ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အားလုံး NLD မဲအပြတ်နိုင်

ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အားလုံး NLD မဲအပြတ်နိုင်

စောမြတ်ဦးသာ — ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ် ၅ နေရာစလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ -NLD လွှတ်တော် ကိုယ်စားလှယ်များမှ အခြားယှဉ်ပြိုင်သည့် ပါတီလွှတ်တော်ကိုယ်စားလှယ် မဲအရေအတွက်ထက် မဲရလဒ်အပြတ်အသတ်ဖြင့် နိုင်ထားသည်ဟု ပါတီတာဝန်ရှိသူများထံမှ သိရသည်။

“လက်ရှိအခြေအနေအရ အားလုံးနိုင်နေပါတယ်။ ပုံစံတွေဖြည့်ပြီးသွားရင် ရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်သွားမယ် ပေါ့နော်။ ကျေးရွာတွေမှာရှိတဲ့ မဲရုံတွေက ၈ ရက်ညနဲ့ ၉ ရက်နေ့မနက်လောက်မှာ မဲရေတွက်မှုပြီးတော့ မြို့နယ်ကော် မရှင်ရုံးမှာ မဲလုပ်ငန်းကိစ္စပို့ဆောင်ရွက်ပြီးပြီပေါ့နော်။ ၂၀၁၅ ထက် မဲရုံအတော်များများ မဲအပြတ်နိုင်ပါတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် NLD ပါတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုထိန်လင်းက ယနေ့ ကေအိုင်စီသို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တွင် NLD ပါတီလွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ဦးဘိုဘိုဝေမောင်၊ ဦးစော ငွေစော၊ အမှတ်(၂) တွင် စောယှားဖေါင်အွာ၊ ဦးတင်မျိုးဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်းတို့မှ အခြားနိုင် ငံရေးပါတီ ၄ ဖွဲ့တို့၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးတို့နှင့် ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်ဟု နိုင်ငံရေးပါတီ များထံမှ သိရသည်။

“၂ဝ၁၅ ထက် အခု ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ကျနော်တို့ပိုပြီးတော့ တစ်ခဲနက် မဲထည့်ပေးသွားခဲ့ပြီးပြီးပေါ့နော်။ ကိုယ်စား လှယ် တွေ ဒေသခံတွေရဲ့အရေး၊ အသံတွေကို ပိုပြီးနာထောင်ပြီး တာဝန်ကျေစေချင်တယ်။ အလုပ်လုပ်ပြဖို့ တောင်းဆိုချင်ပါတယ်။ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာအောင် တောင်းဆိုချင်ပါတယ်”ဟု ကြာအင်း ဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသခံ စောမြတ်သူက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊  ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီ(UDP)၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့မှ  မြို့နယ်ရှိ မဲဆန္ဒ နယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၁ သိန်း ၅ သောင်းကျော်ထဲတွင် အများစုမှာ မဲရုံအသီးသီးတွင် လျှို့ဝှက်ဆန္ဒမဲထည့်ခဲ့ကြသည်ဟု ပါတီတာဝန်ရှိသူထံမှ သိရသည်။

“ ကိုယ်စားလှယ်အားလုံး အနိုင်ရပါတယ်။ လက်မှတ်ထိုးဖို့ပဲ ကျန်ပါတယ်၊ ပြည်သူတွေဘက်က တာဝန်ကျေသွားပြီး။ ကျန်တဲ့ အပိုင်းတွေမှာ ကျနော်တို့လုပ်ရမယ်။ လျှပ်စစ်မီးတွေရအောင် အရင်လုပ်ပေးမယ်။ နယ်မြေဖွံ့ဖြိုးတိုးတက်အောင်တော့  ရတဲ့ ဘတ်ဂျက်နဲ့ လုပ်သွားမယ်။ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံး နယ်စပ်အရေးကိုလည်း ဆက်လက်ပြောဆိုပေးသွားပါ့မယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံအနိုင်ရသူ ဦးစောတင်ဝင်းက ယနေ့ ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် USDP ပါတီမှ ပြည်နယ်လွှတ်တော် မဲဆန္ဒ နယ်တစ်နေရာ အနိုင်ရခဲ့ပြီး ကျန်မဲဆန္ဒနယ်အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် လောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

ထို့အတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အပါအဝင် အခြားမြို့နယ်များဖြစ်ကြသည့် ဖားအံ၊ လှိုင်းဘွဲ၊ သံတောင်၊ ဖာပွန်၊ မြဝတီ နှင့် ကော့ကရိတ်မြို့နယ်ရှိ မဲဆန္ဒနယ် အားလုံးနီးပါးတွင် NLD ပါတီက မဲအသာစီးဖြင့် အနိုင်ရရှိခဲ့ကြသည်ဟု ကနဦးထွက်ပေါ်လာသည့် ရလဒ်များအရသိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...