ရမ်းဗြဲမြို့နယ်တွင် လွှတ်တော် ၃ ရပ်လုံး ANP အနိုင်ရ

ရမ်းဗြဲမြို့နယ်တွင် လွှတ်တော် ၃ ရပ်လုံး ANP အနိုင်ရ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် လွှတ်တော် ၃ ရပ်စလုံး၌ ရခိုင်အမျိုးသားပါတီ (ANP) အနိုင်ရရှိခဲ့ကြောင်း လက်ရှိ ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိသွားသူလည်းဖြစ်သည့် ဦးကျော်ရွှေက ပြောသည်။

အနိုင်ရရှိသူများမှာ ANP ပါတီမှ အမျိုးသားလွှတ်တော်တွင် ဦးကျော်လှိုင်ထူး ၊ ပြည်သူ့လွှတ်တော် ဦးကျော်ရွှေ၊ ပြည်နယ်လွှတ်တော် အမှတ် (၁) ဦးထွန်းထွန်းဦး (ခ) မောင်စုနှင့် ပြည်နယ်လွှတ််နယ်လွှတ်တော် အမှတ် (၂) ဦးအောင်မင်းဆွေတို့ ဖြစ်ကြောင်း ဦးကျော်ရွှေက ပြောသည်။

"လွှတ်တော် ၃ ရပ်စလုုံးမှာ ၄ နေရာလုံးက နိုင်ပါတယ်။ ကျွန်တော်က အရင်တုန်းကလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ကိုယ့်မြို့နယ်အတွက်  ပြည်သူလူထုရဲ့ရှေ့က ပြည်သူလူထုရဲ့ ခံစားချက်တွေ၊ ပြည်သူလူထုရဲ့ လိုလားချက်တွေ၊ နောက်တစ်ခါ ပြည်သူလူထုရဲ့ ရပိုင်ခွင့်တွေကို ကိုယ့််မြို့နယ်အတွက် ကိုယ်မဲဆန္ဒနယ်အတွက် ရအောင် ဆောင်ရွက်ပေးသွားမယ်။ နောက် ပြည်သူလူထုက တင်ပြလာတဲ့ကိစ္စတွေကို လွှတ်တော်ထဲကို ရောက်အောင် ပို့ဆောင်ပြီး ဆွေးနွေးတင်ပြသွားမယ်" ဟု ဦးကျော်ရွှေက နိရဥ္စရာသို့ ပြောသည်။

အထူးသဖြင့် ရမ်းဗြဲမြို့နယ်၏ ပညာရေးမြင့်မားတိုးတက်ရန် ကျောင်းအဆင့်တိုးမြှင့်မည့်ကိစ္စများ၊ ကျောင်းအဆောက်အဦးသစ်များ ရရှိမည့် ကိစ္စများအား အထူးဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးကျော်ရွှေက ဆက်ပြောသည်။

ရမ်းဗြဲမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) ၊ ရခိုင့်ဦးဆောင်ပါတီ (AFP) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။  

ရခိုင်ပြည်နယ် လွှတ်တော်သုံးရပ်လုံးတွင် ANP က ၁၅ နေရာ၊ NLD က ၈ နေရာ (ချင်းတိုင်းရင်းသားရေးရာတစ်နေရာ)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) က ၃ နေရာနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...