ဗန်းမောက်မြို့နယ် မံပင်ကျေးရွာတွင် မဲစာရွက်မှားယွင်းမှုကြောင့် ပြန်လည်မဲပေးခဲ့ရ

ဗန်းမောက်မြို့နယ် မံပင်ကျေးရွာတွင် မဲစာရွက်မှားယွင်းမှုကြောင့် ပြန်လည်မဲပေးခဲ့ရ

ဗန်းမောက် — ဗန်းမောက်မြို့နယ် ပင်ပုံကျေးရွာအုပ်စု မံပင်ကျေးရွာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် စာရွက်နှင့် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် စာရွက်မှားယွင်းမှုကြောင့် ပြန်လည်မဲပေးခဲ့ရကြောင်း ဗန်းမောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ် သန်းသန်းမြတ် ထံမှသိရသည်။

အဆိုပါဖြစ်စဉ်သည် နိုဝင်ဘာလ (၁) ရက်နေ့တွင် ပုံပင်ကျေးရွာအုပ်စုရှိ မံပင်ကျေးရွာတွင် အသက်(၆ဝ) နှင့်အထက် ကြိုတင်မဲပေးမှုတွင် မဲလက်မှတ်မှားယွင်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့မှားယွင်းမှုများကို သိသည့်အချိန်သည်လည်း ညနေအချိန်ဖြစ်ပြီး ညတွင်းချင်း ဗန်းမောက်မြို့နယ်ရှိ ပါတီအသီးသီးနှင့် ရွေးကောက်ပွဲကော်မရှင်တို့ ဆွေးနွေးညှိနှိုင်းပြီး နိုဝင်ဘာလ (၂)ရက်နေ့တွင် ထိုမဲဆန္ဒရှင်များ မဲပြန်လည်ပေးခဲ့ရကြောင်း ၎င်းကဆိုသည်။

“ ကျွန်မတို့က ငါးဆယ်က ရောနေပြီဖြစ်တဲ့အတွက် အဲ့ဒီငါးဆယ်ကိုပြန်ပြီးခွဲထုတ်ဖို့ကလည်း မဖြစ်နိုင်ဘူး။ ဒီအတွက်ကြောင့် Cancle (ပယ်ဖျက်)လုပ်ပြီး ချိတ်ပိတ်လိုက်တယ်။ ကျွန်မတို့အမှားကိုတာဝန်ယူတဲ့အနေနဲ့ အိမ်တိုင်ရာရောက်အကုန်ပြန်ကောက်ပေးခဲ့တယ်” ဒေါ်သန်းသန်းမြတ်က ရှမ်းနီအသံကိုပြောသည်။

အဆိုပါ မှားယွင်းမှုသည် မည်သို့ဖြစ်သွားသည်ကို မသိရှိရကြောင်းနှင့် မှားယွင်းမှုကြောင့်လည်း မဲပြန်လည်ပေးခဲ့ ရသည်ဟု ပင်ပုံကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

“ အားလုံးပေးပြီးမှ ကျွန်တော်တို့လည်းသိတာ။ အဲ့ဒီမဲပုံးကိုလည်း ရုံးကိုပြန်ယူသွားပြီးတော့ သူတို့ ဘာနဲ့လည်းမသိဘူး ပိတ်လိုက်တယ်။ နောက်ရက်မှာ အသစ်ပြန်ပေးရတယ်” ဟု ပင်ပုံကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် ဦးကျော်ဝင်းကဆိုသည်။

ဗန်းမောက်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ခြောက်သောင်းတစ်ထောင်ကျော်ရှိကြောင်းသိရသည်။

September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...