ဟုမ္မလင်းမြို့နယ် ကျားနီပါတီ၏ စည်းရုံးရေးမှူးကို မြန်မာ့တပ်မတော်က ဖမ်းဆီး

ဟုမ္မလင်းမြို့နယ် ကျားနီပါတီ၏ စည်းရုံးရေးမှူးကို မြန်မာ့တပ်မတော်က ဖမ်းဆီး

ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းကျေးရွာအုပ်စုပုံနွဲ့ကျေးရွာရှိ ကျားနီပါတီ၏ စည်းရုံးရေးမှူး ဦးမောင်သိန်းကို အောက်တိုဘာလ ၂၇ ရက်နေ့ညတွင် မြန်မာ့တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျားနီပါတီဥက္ကဌ ဦးစိုင်းဌေးအောင်ကဆိုသည်။

မြန်မာ့တပ်မတော် ခလရ ၂၂၂ က ည ၈ နာရီအချိန်၌ နေအိမ်တွင် အရပ်ဝတ်များ ၊ အရပ်သုံးကားများဖြင့် ဖမ်းဆီးခဲခြင်းဖြစ်ပြီး ည (၁) နာရီအချိန်တွင်လည်း ဦးမောင်သိန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး လက်ကိုင်ဖုန်းသိမ်းဆည်းသွားကြောင်း ၎င်းတို့မိသားစုက ပြောသည်။ “ ဖမ်းတုန်းကတော့ တိုင်တဲ့သူရှိလို့ ဖမ်းသွားတယ်။ အဲ့လိုတော့ပြောသွားတယ်” ဟု ဦးမောင်သိန်း၏ သားဖြစ်သူ ကိုခမ်းဝင်းက ဆိုသည်။

ဦးမောင်သိန်းသည် အသက် (၆၃) နှစ်အရွယ်ရှိပြီး ကျားနီပါတီ၏ စည်းရုံးရေးလုပ်ငန်းများကို ၂၀၁၅ မတိုင်ခင်ကတည်းက လုပ်ဆောင်နေကြောင်း ၎င်း၏ မိသားစုများက ရှမ်းနီအသံဂျာနယ်ကိုပြောကြားသည်။

“ ဖမ်းတဲ့အခါကျတော့လည်း ငြင်ငြင်သာသာဖမ်းတာမဟုတ်ဘူး ။ တရားခံကိုဖမ်းတယ်ဆိုရင် လည်းပဲ သူ့နည်းဥပဒေနဲ့သူရှိတယ်လေ ၊ အခုဟာက တွေ့တယ်ဆိုရင်ပဲ သေနတ်ဒင်နဲ့ထုထောင်းရိုက်နက်ပြီးမှ ဝင်ခံခိုင်းတာပေါ့ ၊ အကြမ်းဖက်ဖမ်းဆီးတာပေါ့ ၊ ပြည်သူကိုအကြမ်းဖက်ပြီးတော့မှ ဖမ်းဆီးတယ်လို့ပြောလို့ရ တာပေါ့” ဟု ဦးစိုင်းဌေးအောင်ကဆိုသည်။

လက်ရှိအချိန်တွင် တပ်မတော်က မိုင်းကိုင်းရဲစခန်းကို လာရောက်အပ်နှံထားပြီး စစ်ဆေးမှုပြုလုပ်နေသည်မှာလည်း (၃၆) နာရီရှိနေပြီဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ဦးမောင်သိန်းကို မည်သည့်ပုဒ်မနှင့် စွဲဆိုထားသည်ကို မိုင်းကိုင်းရဲစခန်းမှ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားရန်အတွက် ငြင်းဆိုသည်။ “ အခုလောလောဆယ်က သူလွှတ်မြောက်ရေးအတွက်ကို နယ်လုံကိုပြောတယ်။ ကာနယ်ကိုလည်းပြောတယ်။ သူတို့လွှတ်မြောက်ရေးအတွက်။ ဒီနေ့ NRPC ကိုလည်းအကြောင်းကြားမယ်။ မနေ့တုန်းကဆိုရင်လည်း သံရုံးနှစ်ခုနဲ့ ၊ လူ့အခွင့်အရေးကော်မရှင်ကို အကြောင်းစာပို့တယ်” ဟု ၎င်းကဆိုသည်။

စစ်ကိုင်းတိုင်းရှမ်းရေးရာဝန်ကြီး ၊ ၎င်းတို့၏ မိသားစုနှင့် ကျေးရွာသားများက ရဲစခန်းတွင်တွေ့ဆုံခွင့် သွားရောက်တောင်းသော်လည်း တွေ့ခွင့်မရသေးကြောင်းဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ညတွင် မာလုံကျေးရွာရှိ ဦးစောဖ ကိုအရပ်ဝတ်နှင့် လူနှစ်ဦးလာရောက်ဖမ်းဆီးမှုတွင် ဦးမောင်သိန်း ပါဝင်ကြောင်း ဦးစောဖ၏ သမီးက တိုင်တန်းခဲ့ပြီး ဖမ်းဆီးခဲ့သော်လည်း အချက်အလက် လွဲမှားနေကြောင်း ရှမ်းရေးရာဝန်ကြီးက ဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဦးမောင်သိန်းသည် ချောင်းကြီးဒေသ ကျားနီပါတီ၏ စည်းရုံးရေးတာဝန်ဖြင့် ရောက်ရှိနေကြောင်း ထိုဒေသမှ သက်သေများလည်း ရှိကြောင်း ရှမ်းရေးရာဝန်ကြီးက ဆိုသည်။

ရွေးကောက်ပွဲကာလတွင် စုံစမ်းရထားသည့် သတင်းများအရ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ အရပ်သားတချို့ကိုလည်း မြန်မာ့တပ်မတော်က ဖမ်းဆီးစစ်ဆေးမှုများရှိကြောင်း သိရသည်။

September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...