အင်အားပြ လှည့်လည်တာတွေ မလုပ်ဖို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ တောင်းဆို

အင်အားပြ လှည့်လည်တာတွေ မလုပ်ဖို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ တောင်းဆို

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့် နိုင်ငံရေးပါတီဝန်းရံသူတွေ အင်းအာပြလှည့်လည်တာတွေ မလုပ်ဖို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက တောင်းဆို လိုက်ပါတယ်။



အောက်တိုဘာလ (၂၂)ရက်နေ့အထိတော့ မွန်ပြည်နယ်အတွင်း ကူးစက်ခံရသူ ၅၈၅ ဦးရှိပြီး သေဆုံးသူကတော့ (၉) ဦးရှိပြီး ဖြစ်ပါတယ်။



ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မော်လမြိုင်မြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၆၉)ဦးကို စံချိန်တင် တွေ့ရှိခဲ့ပြီး ထိတွေ့ခဲ့သူတွေက (၃၀၀) ကျော် ရှိခဲ့ပါတယ်။



ဒါပေမယ့် ထောင်နဲ့ချီတဲ့ နိုင်ငံရေးပါတီဝန်ရံသူတွေကတော့ မော်လမြိုင်မြို့ပေါ်မှာ လှည့်လည်အင်းအားပြနေဆဲပဲ ဖြစ်ပါတယ်။



ဒါကြောင့် လူစုလူဝေးမဖြစ်စေဖို့အတွက် အင်အားပြ လှည့်လည်မဲဆွယ်တာတွေ မလုပ်ဖို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။



“ထိတွေ့ဆက်စပ်ခဲ့တဲ့ မော်လမြိုင်မြို့က အလုပ်သမားတွေ ကယက်က ကြောက်စရာကောင်းပါတယ်။ အတက်နိုင်ဆုံးအကြံပေးချင်တာက တိုက်တွန်းနှိုးဆော်ချင်တာက လူစုလူဝေးဖြစ်နိုင်တဲ့ကိစ္စမှန်သမျှကို အတက်နိုင်ဆုံးရှောင်ပေးပါ။ လူစုလူဝေးကြောင့် PPE ဖြစ်လာရတာပါ။ တစ်ယောက်ထဲ ကူးစက်ခံရရင်တော့ ဘာမှမဖြစ်ပေမယ့်၊ လူစုလူဝေးနဲ့ လုပ်တဲ့အခါကျတော့ တစ်ယောက်က ကူးစက်ခံရတဲ့အခါကျရင် တစ်အုပ်လုံးကူးစက်ခံရတော့ ကိုယ်တင်မပြီးသေးပါဘူး၊ ကိုယ့်နောက်က မိသားစုတွေ အများကြီးပါတယ်၊ မိသားစုရဲ့ စားဝမ်းနေရေးတွေ၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေ အားလုံးပါလာတယ်၊ ထိခိုက်တဲ့နှုန်းက စဉ်းစားကြည့်ပေါ့”လို့ မော်လမြိုင်မြို့နယ်လူမှုကူညီရေးအဖွဲ့မှ ကိုဇင်မိုးက ပြောပါတယ်။



ဒါ့အပြင် အင်းအားပြလှည့်လည်သူတွေထဲက  အတည်ပြုလူနာ ဒါမှမဟုတ် အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေ ပါခဲ့မယ်ဆိုရင် ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ရခက်မယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။



“လှည့်လည်တဲ့အခါမှာ တစ်ဦးက ပိုးတွေ့ရှိခဲ့ရင် ဒါမဟုတ် Sceond Person, Third Person အနေနဲ့ တွေ့သွားခဲ့မယ်ဆိုရင် တော်တော်လေး အန္တရာယ်ကြီးတယ်၊ နောက်တစ်ခုက ရှာရဖွေရခက်လိမ့်မယ်ဗျ၊ ဖြစ်လာတဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက်အမုန်းပွားစရာဖြစ်လာကြမယ်၊ အမှန်တကယ်ကျွန်တော်ပြောချင်တာက လှည့်လည်တာ လုံးဝကို မသင့်ဘူးပေါ့နော်။”လို့  စိတ္တသုခလူမှုကူညီရေးအသင်းမှ ကိုဇင်မျိုးသူက ပြောပါတယ်။  



မွန်ညီညွတ်ရေးပါတီကတော့ stay at home သတ်မှတ်ထားတဲ့ မော်လမြိုင်မြို့မှာ လှည့်လည်အင်အားပြတာတွေ မလုပ်ဖို့ ကြေညာချက်ထုတ်ပြန်ပြီး ပါတီဝန်းရံသူတွေကို မေတ္တာရပ်ခံထားပါတယ်။

June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...
June 17, 2026
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို...
June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...