ချောင်းဆုံမဲဆန္ဒနယ်မှာNLDကအဓိကပြိုင်ဘက်ဖြစ်တယ်လို့ မွန်ပါတီဝန်းရံသူတွေပြော

ချောင်းဆုံမဲဆန္ဒနယ်မှာNLDကအဓိကပြိုင်ဘက်ဖြစ်တယ်လို့ မွန်ပါတီဝန်းရံသူတွေပြော

ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အတွက် မွန်ညီညွတ်ရေးပါတီရဲ့ အဓိကပြိုင်ဘက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဖြစ်တယ်လို့ မွန်ပါတီဝန်းရံသူတွေက ပြောဆိုလိုက်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ချောင်းဆုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ အမျိုးသားဒီမိုကရက်တစ်ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁) ဦးတို့က ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မွန်နှစ်ပါတီ ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီရဲ့ အဓိကပြိုင်ဘက်ကတော့ NLDဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်းမယ်လို့ ဝန်းရံသူတွေက ဆိုပါတယ်။

“မွန်ပါတီရဲ့ အဓိက ပြိုင်ဘက်ကတော့ NLD ပါတီပဲဖြစ်မယ်၊ မွန်ပါတီကတော့ အမှတ်(၁)နယ်မြေမှာ နိုင်နိုင်မယ်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်လည်း အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။ ရာခိုင်နှုန်းအနေနဲ့က ၇၅ ရာခိုင်နှုန်းအထိ ဖြစ်နိုင်တယ်လို့ မှန်းထားပါတယ်။ တောင်ဘက်ခြမ်းမှာ NLD အားကောင်းတယ်၊ မြောက်ဘက်ခြမ်းမှာ မွန်တွေအားကောင်းတယ်၊ အလယ်မှာက ပါတီသစ်တွေနဲ့ အခြားပါတီတွေရှိတဲ့အခါကျတော့ ကျွန််တော်တို့ကတော့ ၃ နေရာအထိ မျှော်လင့်ထားတယ်” လို့ ချောင်းဆုံဒေသခံ ဦးမင်းသက်ဝေက ပြောပါတယ်။

မော်လမြိုင်နဲ့ဘီးလူးကျွန်းကို ဆက်သွယ်ထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးခဲ့တာနဲ့ ပတ်သက်ပြီး NLD အပေါ် လူထုထောက်ခံမှု ကျဆင်းလာတဲ့အတွက် မွန်ပါတီက ပိုပြီးတော့ အနိုင်ရမယ်လို့လည်း ဝန်းရံသူတွေက ပြောပါတယ်။

“ကျွန်မအထင်တော့ NLD ပဲထင်တယ်၊ သူတို့ ပါတီ(NLD)နဲ့ ကျွန်မတို့ပါတီ အင်အားက ထက်ဝက်ဆီ လောက်တော့ ရှိမယ်လို့ အဲလိုမျိုးထင်တယ်၊ သူတို့ကို ပြိုင်ဘက်ပါတီတစ်ခုလို့တော့ ထင်တယ်၊ ကျွန်မတို့အနေနဲ့တော့ ချောင်းဆုံမှာ ၃ ယောက်ပေါ့၊ အနိုင်ရမယ်လို့ထင်တယ်” လို့ ချောင်းဆုံဒေသခံ မိခိုင်ခိုင်မိုးက ဆိုပါတယ်။

ချောင်းဆုံမြို့နယ်မှာတော့ တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်လောင်း၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအပါအဝင် ပါတီ(၆)ခုက ကိုယ်စားလှယ်လောင်း (၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့  ချောင်းဆုံမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အများစု အနိုင်ရရှိခဲ့ပြီး မွန်နိုင်ငံရေးပါတီက တစ်နေရာအနိုင်ရရှိခဲ့ကာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရှုံးနိမ့်ခဲ့တဲ့ မဲဆန္ဒနယ်လည်း ဖြစ်ပါတယ်။

June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...
June 17, 2026
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို...
June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...